နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တွေတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့်ခွာထွက်ပြေးနေ

ဇန်နဝါရီလ (၁၉)ရက်။

အခုလဆန်းပိုင်းကစပြီး AA ထိုးစစ်ဆင်နေတဲ့ စစ်တွေမြို့တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့် ထွက်ပြေးနေကြတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။

ဇန်နဝါရီလ (၁)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ စစ်တွေတိုက်ပွဲမှာ အုန်းတောကြီးစစ်စခန်းနဲ့ ခလရ(၂၇၀)တပ်ရင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းတွေ စွန့်ပစ်ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။

“ စကမက မနိုင်မနင်း ထိန်းချုပ်နေရတဲ့ စစ်တွေမှာ AA ရဲ့ အရှိန်အဟုန်ပြင်းတဲ့ ထိုးစစ်တွေကို ဆက်လက်ရင်မဆိုင်ရဲလောက်တဲ့အထိ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်နေတဲ့ စကမတပ်သားတွေဟာ လက်နက်ခဲယမ်းတွေကို စွန့်ပစ်ပြီး အုပ်စုလိုက် ထွက်ပြေးနေတာ” လို့ Araken Princess Media သတင်းဌာနက ဖော်ပြထားပါတယ်။

ဇန်နဝါရီလ (၁၃)ရက်နေ့ ည (၉)နာရီအချိန်က စစ်တွေမြို့ အုန်းတောကြီးရွာမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်စခန်းက တပ်သား (၂၀)ခန့်ဟာ ရေလမ်းကြောင်းကနေ လှေတစီးခိုးယူပြီး ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး ဇန်နဝါရီလ (၁၂)ရက်နေ့ ည (၈)နာရီအချိန်က ခလရ(၂၇၀)တပ်ရင်းက စစ်ကော်မရှင်တပ်သား(၂)ဦးဟာ လက်နက်ခဲယမ်းတွေကို ဇောပူဂျာရထားလမ်းအနီး စွန့်ပစ်ပြီး ထွက်ပြေးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ (၁)ရက်နေ့ ည (၁၁)နာရီအချိန်မှာလဲ အုန်းတောကြီးရွာအထိုင်စခန်းက တပ်သား (၇)ဦး ထွက်ပြေးခဲ့သလို (၂)ဦးကို ပြန်ဖမ်းမိခဲ့ပေမယ့် (၅)ဦး လွတ်မြောက်သွားတယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ AA နဲ့တိုက်ပွဲတွေမှာ အရှုံးနဲ့သာ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ အခုစစ်တွေတိုက်ပွဲမှာ ရှုံးနိမ့်မှာကို ကြိုသိနေတာ၊ သေဆုံးတာနဲ့ သုံ့ပန်းဖြစ်မှာအပါအဝင် စိတ်ဓါတ်ပျက်စီးတာ စတာတို့ကြောင့် အုပ်စုလိုက် ထွက်ပြေးနေတာလို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလိုပဲ ကျောက်ဖြူနဲ့ မာန်အောင်တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လက်နက်စွန့် ထွက်ပြေးတာနဲ့ AA ထံ လက်နက်ချ အလင်းဝင်တာတွေ ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 39 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 30 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့