မတ်လ (၁၉)ရက်။
စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲ့ဒီ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတနဲ့ ဒုသမ္မတကို ရွေးချယ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့အလိုက် အစည်းအဝေးတွေ စတင်ကျင်းပမယ့် နေ့ရက်ကို သတ်မှတ်ကြေညာမှာဖြစ်တယ်လို့ ဆိုပါတယ်။
အခုအခါ မင်းအောင်လှိုင် စီမံထားတဲ့အတိုင်း ပေါက်ကြားလာတဲ့ စာရင်းတွေမှာ သူဟာ သမ္မတအနေနဲ့ တာဝန်ယူဖို့ရှိနေပြီး ဒုသမ္မတတွေအနေနဲ့ လူယုံဖြစ်တဲ့ ညိုစောနဲ့ ဒေါ်ဒွဲဘူတို့ကို နေရာပေးဖို့ရှိနေတာပါ။
နောက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနနဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ခင်ရီနဲ့ ဒုဥက္ကဋ္ဌအနေနဲ့ မောင်မောင်အုန်းတို့အပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာမှာ အောင်လင်းဒွေးနဲ့ ဒုဥက္ကဋ္ဌနေရာမှာ နော်တောင်တို့ကို ခန့်အပ်ခဲ့တာပါ။
လွှတ်တော် (၂)ခုအတွက် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေ မခန့်အပ်ခင်အချိန်ကထဲက အဲ့ဒီနာမည်စာရင်းတွေဟာ လူမှုကွန်ရက်မှာ ပေါက်ကြားခဲ့တာဖြစ်ပြီး အချက်အလက်တွေ မှန်ကန်နေတာကို သက်သေပြထားပါတယ်။
မတ်လ (၂၀)ရက်နေ့မှာ ကျင်းပမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို လွှတ်တော် (၂)ခုပေါင်းက ကိုယ်စားလှယ်ဦးရေ (၄၂၀)နဲ့ စစ်တပ်ကိုယ်စားလှယ် (၁၆၆)ယောက် တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။








