ဇန်နဝါရီလ (၂၀)ရက်။
(၆၃)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအကျဉ်းသားတွေဟာ တအာင်းပြည်ထဲရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျူးလွန်ပြီး အကျဉ်းကျနေသူတွေဖြစ်ကာ TNLA က ဖမ်းဆီးထိန်းသိမ်းထားသူတွေလို့ ဆိုပါတယ်။
TNLA က တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ အကျဉ်းသား (၅၅)ဦးကိုလဲ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး သူတို့ကို TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက လက်မှတ်ထိုးပြီး လွတ်ငြိမ်းပေးခဲ့တာလို့ ရေးသားထားပါတယ်။
ဒါ့အပြင် ပြစ်ဒဏ်လျှော့ပေါ့ပေးခံရသူတွေဟာ အကျဉ်းထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူတွေဖြစ်ပြီး လွတ်ငြိမ်းခွင့်ပေးခဲ့သူတွေဟာ လွတ်ငြိမ်းစေ့ဖို့ လပိုင်းသာလိုအပ်သူတွေလို့ ပြောဆိုထားပါတယ်။
TNLA ဟာ တိုက်ပွဲထဲ ဖမ်းဆီးရမိခဲ့သူ (၁၁၁)ဦးကိုလဲ တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။








