မတ်လ (၂၀)ရက်။
အခု မတ်လ (၃၀)ရက်နေ့မှာ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်သွားဖိုရှိနေတယ်လို သတင်းထုတ်ပြန်ထားတာတွေအရ သိရပါတယ်။
သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်ဖို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲအလိုက် အစည်းအဝေးကို မတ်လ (၂၃)ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
အဲ့ဒီအစုအဖွဲတွေကနေ ဒုသမ္မတ (၃)ဦးကို မတ်လ (၂၅)ရက်နေ့မှာ စိစစ်ပြီး မတ်လ (၃၀)ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတ ရွေးချယ်ဖိုရှိတာပါ။
ဒီလို သက်ဆိုင်ရာအစုအဖွဲတွေက ရွေးချယ်ထားတဲ့ ဒုသမ္မတတွေရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကဆီ တင်ပြပြီး ဆောင်ရွက်သွားဖိုရှိတယ်လို ဆိုပါတယ်။
ဒါ့အပြင် ဒုသမ္မတတွေအနေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေဘက်က မင်းအောင်လှိင်၊ ပြည်သူ့လွှတ်တော်က ညိုစောနဲ့ အမျိုးသားလွှတ်တော်က တဦးဆိုပြီး အမည်စာရင်းတင်သွင်းဖိုရှိတယ်လို သတင်းတွေက ဖော်ပြထားကြပါတယ်။
စစ်အုပ်စုဟာ ၂၀၂၀ရွေးကောက်ပွဲ မဲမသမာတာကြောင့်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံ့အာဏာကို မတရားသိမ်းယူခဲ့ပြီး (၅)နှစ်အကြာမှာ တရားမဝင်ရွေးကောက်ပွဲပြုလုပ်ကာ အတုအယောင်လွှတ်တော်တွေ ခေါ်ယူကျင်းပနေတာပါ။
စစ်အုပ်စုရဲ့ သူတိုအာဏာတည်မြဲဖိုအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေသလို တရားမဝင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် အမည်ခံအဖွဲကို ဆက်လက်တော်လှန်သွားမယ်လို တော်လှန်ရေးအင်အားစုတွေရဲ့ အသိပေးထားချက်အရ သိရပါတယ်။








