နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

“မင်းအောင်လှိုင်ရဲ့အရှက်မဲ့မျက်နှာနဲ့ သမတအဖြစ် ခြေလှမ်းသစ် စလှမ်းတော့မလား”

မင်းအောင်လှိုင်က ၂၀၂၀ မဲရလာဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာကို လူယူခဲ့တာ လူတိုင်းသိပြီးသားဖြစ်တယ်၊ စစ်တပ်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကို အသက်ပေး စောင့်ရှောက်ပါ့မယ်ဆိုတဲ့သူက တပ်တည်ထောင်ထားတဲ့ ကြံ့ဖွတ်ပါတီက မဲမနိုင်တဲ့အခါ မဲလိမ်မဲခိုးပါတယ်လို့ပြောပြီးအာဏာသိမ်းတာကတရားဝင်သလားကြည့်ရင် သူအသက်ပေး စောင့်ရှောက်ပါ့မယ်ဆိုတဲ့ ၂၀၀၈ ခြေဥကို ချိုးဖောက်ပြီး အာဏာသိမ်းတာကို တွေ့ရတယ်။ ၂၀၀၈ ခြေဥမှာ သမတဖြစ်သူက တိုင်းပြည်ဆူပူမှု ဖြစ်လာရင် အရေးပေါ်အခြေအနေအရ တပ်ချုပ်ကို အာဏာ ယာယီလွှဲပေးနိုင်တယ်ဆိုတာပဲ ပါတယ်။ ဒုသမတက အာဏာလွှဲပေး နိုင်တယ်ဆိုတာ မပါဘူး၊ ဒါကြောင့် အာဏာသိမ်းမှုဟာ တရားဝင်မှု လုံးဝမရှိဘူး။

တိုင်းပြည်ကို စစ်အာဏာနဲ့ထိန်းချုပ်ပြီး ပြည်သူတွေက ထကြွတော်လှန်ကြတော့ ရက်ရက်စက်စက် နှိမ်နင်းခဲ့တယ်။ လေယဥ်တွေနဲ့ ပြည်သူတွေကို မညှာမတာ ဗုံးကြဲ သတ်ဖြတ်ခဲ့တယ်။ နောက်ဆုံးတပ်ပြိုလာတဲ့အခါ တရုတ်ကို ဖင်ပေးပေါင်းပြီး တရုတ်ကြီး ပြုသမျှ လိုက်လုပ်ရင်း သူ့အာဏာကို တရုတ်အားကိုးနဲ့ တည်ဆောက်နေရတဲ့ ဘဝကို ရောက်လာခဲ့တယ်။

တိုက်မဲ့သူမရှိတော့ စစ်ဥပ‌ဒေပြဋ္ဌာန်းပြီး အာဏာလက်မလွှတ်ရရေးအတွက် လူငယ်တွေကို အတင်းအကြပ် စစ်ထဲဝင်ခိုင်းပြီး သေတွင်းပို့တာကို မတွန့်ဆုတ်ဘဲ လုပ်ခဲ့တယ်။ တရုတ်ကြီးက ရွေးကောက်ပွဲ လုပ်ဆိုတော့ တဖက်သတ် လူထုထောက်ခံမှု မရှိဘဲ ရွေးကောက်ပွဲ လုပ်တယ်။ ရွေးကောက်ပွဲမှာ အ‌ရွေးခံသူတွေကို မပုတ်ခတ်ရဘူး မဝေဖန်ရဘူးဆိုတဲ့ မတရား ချုပ်ချယ်ထားတဲ့ အမိန့်တွေထုတ်တယ်၊ လူထုထောက်ခံမှု အနည်းငယ်ရှိသူကို ကန့်သတ်တယ်၊ ဝင်ရွေးလို့မရအောင် နည်းမျိုစုံနဲ့ ပိတ်တယ်။ တရားမျှတစွာ စည်းရုံးခွင့် မရှိသလို နည်းမျိုးစုံနဲ့ ပါတီဝင်ဘယ်လောက်ရှိရမယ်စတဲ့ ဥပဒေတွေထုတ်ပြီး စစ်တပ်ပါတီနဲ့ အရင်စစ်တပ်ပါတီဟောင်း တစညတို့ကိုသာ လွတ်လပ်စွာ စည်းရုံးခွင့်တွေပေးပြီး ယှဥ်ပြိုင်စေတယ်။

ပိုပြီးအရှက်ကင်းမဲ့တဲ့လုပ်ရပ်က မိမိအဖွဲ့အစည်းက စစ်ခေါင်းဆောင်တွေကို ရွေးကောက်ပွဲ မတိုင်ခင်တပ်ကနေ အရပ်ဖက်ပြောင်းပြီး ကြံ့ဖွတ်ပါတီအမတ်တွေအဖြစ် ယှဥ်ပြိုင် စေခဲ့တယ်။ ဒီအချက်က ဘာကို ရှင်းရှင်းလင်းလင်း ပြသလိုက်သလဲဆိုရင် စစ်တပ်ဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုတဲ့ သူတို့ချမှတ်ထားတဲ့ မူဝါဒကို ဗြောင်ချိုးဖောက် နေတာကို ထင်ရှားစွာ မြင်ရမှာ ဖြစ်တယ်။ ရွေးကောက်ပွဲနီးလာမှ စစ်ခေါင်းဆောင်က ညွှန်ကြားချက်နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ တပ်ကနေကပ်ပြီးထွက် လူဝတ်လဲပြီး ကြံ့ဖွတ်ပါတီထဲကိုဝင်၊ ချက်ချင်း ကြံ့ဖွတ်ပါတီက ပါတီဝင်အားလုံးကို ကျော်တက်ပြီး ပါတီကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ် ခံရ၊ နောက်ရွေးကောက်ပွဲမှာ စစ်ဝတ်ချွတ် အမတ်လောင်းတွေ သူတို့အားလုံး တယောက် မကျန်အမတ်တွေ ဖြစ်လာတာ ကြိုတင် အကွက်ချ ပေါ်ပေါ်ထင်ထင် ဗြောင်လိမ်ဗြောင်စား လုပ်တာမဟုတ်ရင် ဘာလို့ပြောမလဲ။

အဲဒီထဲမှာ မင်းအောင်လှိုင်လူယုံလဲဖြစ် ကြံဖွတ်ပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ခင်ရီအမတ် ဖြစ်လာတဲ့အခါ လွှတ်တော်ကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာပေး၊ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းကောင်စီက အတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်ချုပ်အောင်လင်းဒွေးက အမျိုးသား လွှတ်တော်ဥက္ကဌ ဖြစ်လာတဲ့အခါ ဒီနှစ်ယောက်ကနေ သမတအဖြစ် ရွေးတင်မဲ့သူဟာ သူတို့ကို ဒီနေရာတွေရအောင် အကွက်ချစီစဥ်ထားပေးတဲ့ မင်းအောင်လှိုင် မဖြစ်ရင် ဘယ် ကလိမ်ကကျစ်က ဖြစ်မလဲ။ ဒီလုပ်ရပ်ကဘာကိုပြသလဲဆိုတော့ ငါ့တို့ပြည်သူတွေကို ဂရုစိုက်စရာမလိုဘူး ဗြောင်လိမ်တယ်ကွာ မျက်နှာပြောင်တိုက်သမတလုပ်တယ်ကွာဆိုပြီး အထီလေးစား လုပ်စော်ကားလိုက်တာလို့မြင်တယ်။

နိဂုံးအနေနဲ့ပြောရရင် မင်းအောင်လှိုင်ကနေစပြီး အခုစစ်တပ်ထိပ်စည်း နေရာမှာ နေရာ ယူထားကြတဲ့ စစ်ဗိုလ်ချုပ်တွေမှာ ကိုယ်ကျိုးစီးပွားအတွက် အာဏာရဖို့အတွက် ဘယ်လို လိမ်ရ လိမ်ရ ၊ ဘယ်လို ကတိဂဝတ်တွေပေးပြီး၊ ပြန်ဖျက်ရဖျက်ရ ဘယ်လိုဝန်မှ မလေးတဲ့ လူစားမျိုးတွေ လူလိမ်လူကောက် တွေဖြစ်လို့ သူတို့ဖွဲတဲ့ အစိုးရဟာလည်း ပြည်သူ့အကျိုး စီးပွားနဲ့ တိုင်းပြည်တိုးတက် ဖွံ့ဖြိုးဖို့ထက် အာဏာကို ဆက်လက် ဆုပ်ကိုင်ထားရေးကိုသာ ဦးစားပေးမှာဖြစ်လို့ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ပေါ်ပေါက်ဖို့ဆိုတာစစ်အုပ်စုလက်အောက်မှာမပေါ်ပေါက်နိုင်ပါဘူး။  ထို့အတူ တော်လှန်ရေး အင်အားစုတွေက အချင်းချင်းမစည်းလုံးဘဲခွက်စောင်းခုတ် နယ်မြေလုနေကြရင် ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 13 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 62 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းတွေ ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့လှုပ်ရှားမှု ပြုလုပ်မယ်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 19 Views
ဧပြီလ (၁၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ‌ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့ လှုပ်ရှားမှု ပြုလုပ်မယ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုဟာ လာမယ့် နှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးအချိန်မှာ နှစ်သစ်ကူး‌ဆုတောင်းတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတလုပ်တဲ့ မင်းအောင်လှိုင်က ပြည်သူက ရွေးချယ်တင်မြှောက်တာဆိုပြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 23 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ၊ ဒုသမ္မတ(၁)နဲ့ ဒုသမ္မတ (၂)တို့ ကျမ်းကျိန်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီကျမ်းကျိန်ပွဲမှာ မင်းအောင်လှိုင်က သမ္မတအပြင် ညိုစောနဲ့ နန်းနီနီအေးတို့က ဒုသမ္မတအနေနဲ့ လွှတ်တော်နာယကရှေ့မှာ
မြန်မာသတင်း

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အတည်ပြုခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း ဧပြီလ (၁၀)ရက်။ တော်လှန်ရေးကာ ကော်သူးလေပဋိညာဉ်ကို ကျယ်ပြန့်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ တရားဝင် အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပဋိညာဉ်မူကြမ်းကို (၂)နှစ်ကျော်ကြာ အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့ပြီး
မြန်မာသတင်း

ရမည်းသင်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 35 Views
စစ်တပ်ဘက်က ထိခိုက်တာတွေရှိပြီး ဒရုန်းတစင်း သိမ်းဆည်းရမိခဲ့တယ်လို့ PLA ထုတ်ပြန် ဧပြီလ (၉)ရက်။ ဧပြီလ (၁)ရက်နေ့ကစပြီး ရမည်းသင်းမြို့ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်ကြောင်းက အင်အား
မြန်မာသတင်း

ဖက်ပင်အိုင်ရွာ အကြမ်းဖက်ခံရတဲ့ဖြစ်စဉ် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 25 Views
ဧပြီလ (၉)ရက်။ မြင်းခြံမြို့ ဖက်ပင်အိုင်ရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတို့ ပူးပေါင်းကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖက်ပင်အိုင်ရွာကို ဧပြီလ (၁)ရက်ကနေ (၄)ရက်နေ့အထိ စစ်အုပ်စုနဲ့ ပျူစောထီးတို့ဟာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်း ကန့်ကွက်သူမရှိဘဲ အောင်လင်းဒွေး အတည်ပြုကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 31 Views
ဧပြီလ (၉)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်းကို အောင်လင်းဒွေးက အတည်ပြုကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဟာ သူဖွဲ့စည်းတဲ့ ဝန်ကြီးဌာန (၃၁)ခုမှာ ဝန်ကြီး (၃၀)ဦးကို ခန့်အပ်ဖို့ လွှတ်တော်ကို နာမည်စာရင်းပေးပို့ခဲ့ရာ