နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခွင့်ပြုမိန့်မတင်ဘဲ ညစ်ညမ်းအက ဖျော်ဖြေတယ်ဆိုပြီး သဉ္ဇာဝင့်ကျော်ကို စစ်ကော်မရှင် အမှုဖွင့်ထား

ဇန်နဝါရီလ (၂၁)ရက်။

ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းအကနဲ့ ဖျော်ဖြေတယ်ဆိုပြီး သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကို စစ်ကော်မရှင်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ (၁၅)ရက်နေ့က ရန်ကုန်ရှိ နိုဗိုတယ်ဟိုတယ်မှာ သက်ဆိုင်ရာကို ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ “ Cloud Seven Production & Entertainment” ရဲ့ CEO ကိုဇွဲခန့်အောင်ဆိုသူရဲ့ မွေးနေ့ပွဲနဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာရှင်တွေ မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပွဲမှာ သဉ္ဇာဝင့်ကျော်ဦးဆောင်တဲ့ အကအဖွဲ့ဟာ ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်ပြီး အမြက်မတင့်တယ်‌တဲ့ အဝတ်အစားဝတ်ဆင်ကာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့အကတွေနဲ့ ဖျော်ဖြေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ ညစ်ညမ်းအကတွေနဲ့ ဖျော်ဖြေခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နဲ့ အဖွဲ့ကို စစ်ကော်မရှင်ရဲ့ ကမာရွတ်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၉၄(က)/၁၁၄နဲ့ အမှုဖွင့်ထားတယ်လို့ ရေးသားထားပါတယ်။

စစ်ကော်မရှင်စွဲဆိုထားတဲ့ ပုဒ်မတွေဟာ အများပြည်သူဆိုင်နေရာမှာ ညစ်ညမ်းတဲ့ ပြစ်မှုတခုခု ပြုလုပ်တာနဲ့ ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီတာတို့ဖြစ်ပြီး ထောင်(၃)လ ဒါမှမဟုတ် ငွေဒဏ်ချမှတ်နိုင်တာပါ။

သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ဟာ ၂၀၂၂ခုနှစ် ဩဂုတ်လပိုင်းထဲမှာ ညစ်ညမ်းဓါတ်ပုံနဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ ဖြန့်ဝေတာတို့ကြောင့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေနဲ့ ထောင် (၅)နှစ် ချမှတ်ခံခဲ့ရပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် လွတ်လပ်ရေးနေ့မှာ စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပြီး အခုတကြိမ်မှာ ထပ်မံဖမ်းဆီးခံရဖို့ရှိနေကာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 39 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 30 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့