ဇန်နဝါရီလ (၂၁)ရက်။
၂၀၂၄ခုနှစ်ကနေ အခုနှစ် ဇန်နဝါရီလအထိ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီရဲဘော် (၁၄)ဦးဟာ သတ်မှတ်ခွင့်ရက်ထဲ တပ်ရင်းကို ပြန်မလာတဲ့ တပ်ပြေးတွေနဲ့ ရှေ့တန်းနဲ့ နောက်တန်းတို့မှာ တာဝန်ထမ်းဆောင်ချိန် တပ်က ထွက်ပြေးသူတွေလို့ ဆိုပါတယ်။
သူတို့ဟာ ရဲဘော် နိုင်ဇွဲအောင်၊ နိုင်ထွီး(ခ)အပေါ၊ နိုင်ထွန်အေး၊ နိုင်စန်းအေး၊ နိုင်ပညာ၊ နိုင်သိုက်ထော၊ နိုင်အောင်ချမ်း၊ နိုင်ခါရ၊ နိုင်ဉာဏ်သိုက်၊ နိုင်အောင်းနွန်၊ နိုင်မင်းထွန်း၊ နိုင်အောင်းဇန၊ နိုင်ဟောင်းချမ်း(ခ)မင်ဂလွမ်နဲ့ နိုင်ဒင် (M/6468)တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတပ်ပြေးတွေဟာ MSRF ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာဘဲ သူတို့ရဲ့သဘောဆန္ဒနဲ့ ထွက်ပြေးခဲ့ကြတာကြောင့် တပ်ဖွဲ့နဲ့ မသက်ဆိုင်တော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မွန်ပြည်တော်လှန်ရေးတပ်က တပ်ပြေးတွေကို ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းနဲ့အညီ ဆက်လက် အရေးယူသွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။








