ဇန်နဝါရီလ (၂၁)ရက်။
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တနှစ်ထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၂၁)ကြိမ်ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီကာလထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် (၅၂၂၂)ကြိမ်ရှိခဲ့ကာ စက်တင်ဘာ၊ အောက်တိုဘာနဲ့ ဒီဇင်ဘာလထဲ တိုက်ခိုက်တဲ့အကြိမ်ရေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေထဲ အရပ်သားသေဆုံးသူ စုစုပေါင်း (၂၃၂၆)ဦးရှိပြီး ဒဏ်ရာရသူ (၄၁၄၆)ဦးအထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ကာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တာမှာ အောက်တိုဘာ၊ ဩဂုတ်နဲ့ မေလတို့မှာ အများဆုံးဖြစ်တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီဖြစ်စဉ်တွေထဲ အရပ်သားနေအိမ်ပေါင်း (၃၅၇၆)အိမ် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ပညာရေးဆိုင်ရာ အဆောက်အအုံ (၁၀၂)ခု ပျက်စီးခဲ့တယ်လို့ ထည့်သွင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတာအထဲ ကျန်းမာရေးဆိုင်ရာအဆောက်အအုံ (၃၂)ခုနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံ (၁၉၀)တို့လဲ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။








