မတ်လ (၂၁)ရက်။
ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column 1 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ယင်းမာပင်က ကျေးရွာတွေမှာ စကစက စစ်ကြောင်းထိုး လေကြောင်းကနေလံ ဗုန်းကြဲပြီး ထိုးစစ်ဆင်နေတာ (၁)လကျော်ကြာပြီ၊ အင်အား ၂၀၀ ကျော်နဲ့ အကြမ်းဖက်စစ်ခွေးတွေက စစ်ကြောင်းထိုး အနိုင်ကျင့် ရွာမီးရှိ ခိုး၊ဆိုး၊လု၊နှိက် လုပ်နေတာကြောင့် တိုက်ခိုက်ခဲ့တာ” လို ဆိုပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က ခန့်မှန်း (၈၀)ကျော် သေဆုံးပြီး (၆၀)ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ယင်းမာပင်မြိုပေါ် ဆေးရုံမှာ အပြုံလိုက် ဆေးကုနေသလို ပေါ်တာဆွဲအင်အား အများအပြားကို ထပ်မံဖြည့်တင်းခဲ့တယ်လို ဖော်ပြထားပါတယ်။
စစ်တပ်ဘက်က စစ်ကူအများအပြား ပိုဆောင်ပြီး အင်အားဖြည့်တင်းကာ ထပ်မံထိုးစစ်ဆင်ပေမယ့် ကာကွယ်ရေးရဲဘော်တွေဟာ တစ်လက်မမှ ဆုတ်မပေးပဲ (၆)နာရီ ဝန်းကျင်ကြာ အပြန်လှန်ပစ်ခတ်မှုတွေကို နေ့ည မပြတ် ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို ရေးသားထားပါတယ်။
ဒီလို ကာကွယ်ရေးရဲဘော်တွေ ကြံ့ကြံ့ခံ ကာကွယ်ရင်း အခြေနေကို စောင့်ကြည့်နေတာကြောင့် အင်အားအသင့်ဖြည့်ထားတဲ့ စစ်တပ်စစ်ကြောင်းဟာ ရှေ့တိုးမရဘဲ ဒဏ်ရာရသူတွေကိုသာ ကားတွေ၊ သံချပ်ကာတင့်ကားတွေနဲ့ သယ်ထုတ်ပြီး မြိုပေါ်မှာ ဆေးကုသနေတယ်လို ပြောဆိုထားပါတယ်။
နောက်ပြီး မတ်လ (၁၉)ရက်နေ့ ညနေ (၄)နာရီကစပြီး ကာကွယ်ရေးရဲဘော်တွေဟာ အခွင့်ရေးကို အမိအရအနေနဲ့ စစ်တပ်စစ်ကြောင်း အထိုင်ချတပ်စွဲတဲ့နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ည (၉)နာရီအချိန်မှာ အပြီးသတ် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဆီကနေ ခဲယမ်းနဲ့ အသုံးဆောင် ဓားအပါအဝင် စစ်တပ်ချပ်ဝတ်တန်ဆာနဲ့ ကျည်ဆံတွေ သိမ်းဆည်းနိုင်ခဲ့သလို စစ်ကြောင်းဖွဲစည်းပုံ လုံးဝ ပျက်စီးသွားပြီး ယင်းမာပင်မြိုပေါ်ကို တက်ပြေးသွားခဲ့တယ်လို ဆိုပါတယ်။
တိုက်ပွဲထဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေဘက်က ရဲဘော် (၅)ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၇)ဦး မစိုးရိမ်ရဒါဏ်ရာရရှိခဲ့ကာ ဆေးကုသမှု ခံယူနေတယ်လို အသိပေးထားပါတယ်။
စစ်ဆင်ရေးထဲ ပခုက္ကူမြိုနယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ တပ်ခွဲ(၃) အမှတ် (၁)တပ်ဖွဲ COLUMN – (1)၊ ယင်းမာပင် အမှတ် (၁) စစ်ကြောင်း၊ ကနီတပ်ရင်း (၂၀)၊ AA၊ ပခုက္ကူခရိုင် အမှတ် (၁၅)တပ်ရင်း၊ မြောက်ပိုင်းကျာ (၅)ကောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲနဲ့ ဒေသခံတပ်ရင်း တပ်ဖွဲတွေ ပူးပေါင်းပါဝင်ခဲ့တယ်လို သိရပါတယ်။








