နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်ရဲကို ပစ်ခတ်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်အဖွဲ့ထံ ပြန်လွှဲပေး

ဇန်နဝါရီလ (၂၂)ရက်။

ထိုင်းရဲတပ်ကြပ်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၂၀)ရက်နေ့ ညနေ (၅)နာရီခွဲခန့်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်-အုန်းဖန်လမ်း မဲကုတိုက်နယ်ထဲမှာ ထိုင်းရဲတပ်ကြပ်တဦးကို မြန်မာတဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီမြန်မာနိုင်ငံသားဟာ မြန်မာပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့် ဖမ်းဆီးနိုင်ဖို့အတွက် ထိုင်းအာဏာပိုင်တွေက KNU ထံ အသိပေးအကြောင်းကြားကာ အကူအညီတောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒါကြောင့် KNLA တပ်ရင်း (၂၈)ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌ဒါဘော ဦးဆောင်ကာ ပြစ်မှုကျူးလွန်တဲ့ နဂါးကြီး(ခ)နိုင်လင်းအောင်ကို ဇန်နဝါရီလ (၂၁)ရက်နေ့ ညပိုင်းက ဖလူးဒေသမှာ ဖမ်းမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အခုလိုဖမ်းမိခဲ့တဲ့ ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသားကို ဒီကနေ့ နံနက် (၁၀)နာရီအချိန်က မဲဆောက်မြို့နယ် မဟာဝမ်ကျေးရွာအုပ်စု မဲကိုကင်းရွာမှာ ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 16 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 15 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 14 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့
မြန်မာသတင်း

ကျောက်ပန်းတောင်းမြို့မှာ စစ်တပ်က အရပ်သားတဦးကို ပစ်သတ်ပြီး နေအိမ် (၇၀)ကျော်ကို မီးရှို့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 12 Views
မတ်လ (၄)ရက်။ အခုနှစ်ရက်ထဲ ကျောက်ပန်းတောင်းမြို့က ကျေးရွာအချို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်ပန်းတောင်းလူငယ်ကွန်ရက်ထံက သိရပါတယ်။ “ မနေ့က နေ့လယ် (၂)နာရီကျော်လောက်ကစပြီး အကြမ်းဖက် စခ၊ ပျူနဲ့ ဒလံတွေ ဦးဆောင်ပြ စိတ္တိန်းမြောက်ရွာကနေ
မြန်မာသတင်း

တနင်္သာရီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 31 Views
မတ်လ (၄)ရက်။ ပြီးခဲ့တဲ့လကုန်ပိုင်းက တနင်္သာရီမြို့ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ လွတ်ရမယ့် နိုင်/ကျဉ်း (၂၀၀)ကျော်ကို ဆက်အကျဉ်းချထားဆဲလို့ဆို

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 24 Views
မတ်လ (၄)ရက်။ အကျဉ်းထောင်တွေမှာ ပုဒ်မ ၅၂(က)နဲ့ ပုဒ်မ ၅၀(ည)တို့နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ နာမည်ပါပေမယ့် မလွတ်လာသေးဘူးလို့ PPNM ထံက သိရပါတယ်။ “ ပုဒ်မ ၅၂(က)၊ ၅၀(ည)နဲ့ ဖမ်းခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ
မြန်မာသတင်း

ပခုက္ကူမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၃)ဦးသေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 46 Views
မတ်လ (၃)ရက်။ မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကိုးပင်ရွာနားမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကျနော်တို့
မြန်မာသတင်း

စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်ဖို့ စစ်ကော်မရှင်ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 39 Views
မတ်လ (၃)ရက်။ စက်သုံးဆီချွေတာဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်အသုံးပြုဖို့ စစ်ကော်မရှင်က ဒီကနေ့ ညပိုင်းမှာ ကြေညာထားတယ်လို့ သိရပါတယ်။ အခု ကမ္ဘာ့အလယ်ပိုင်းအခြေအနေတွေအရ အရှေ့အလယ်ပိုင်းဒေသထဲ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတလျှောက် အတားအဆီး