မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ
ဇန်နဝါရီလ (၂၃)ရက်။
မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Broken System(BS)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မင်္ဂလာဒုံ ပေါက်ကုန်းရပ်ကွက်က အုပ်ကြီးရုံးမှာဖွင့်ထားတဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်း (၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
ပေါက်ကုန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးမှာ ဖွင့်ထားတဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးကို BS ရဲဘော်တွေက မိုင်း(၂)လုံးနဲ့ ထိထိရောက်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ရာမှာ ထိခိုက်ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိသေးပါဘူး။
ဒါ့အပြင် BS အနေနဲ့ အကြမ်းဖက်မင်းအောင်လှိုင်ပြုလုပ်တဲ့ တရားမဝင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အာဏာရလာတဲ့ တရားမဝင်အစိုးရနဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်တာတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။








