ဇန်နဝါရီလ (၂၄)ရက်။
ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်းဆုံက စစ်ကော်မရှင်ဂိတ်တခုကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး(၄)လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်ဂိတ်ရှိ စစ်မှုထမ်းတပ်သားသစ် (၂)ဦးနဲ့ ရဲတပ်ဖွဲ့ဝင် (၂)ဦး စုစုပေါင်း (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဒဏ်ရာရသူတွေထဲ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်လဲ ပါဝင်ကာ ဆေးကုသနေချိန် ရရှိထားတဲ့ဒဏ်ရာတွေနဲ့ မနေ့က ဇန်နဝါရီလ (၂၃)ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
သေဆုံးသွားတဲ့ ဒုရဲအုပ်ကို မနေ့က နေ့ချင်းပဲ မိုးကောင်းသင်္ချိုင်းမှာ ချက်ချင်းသင်္ဂြိုလ်ခဲ့ကြတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မနက်ဖြန် ဇန်နဝါရီလ (၂၅)ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း(၃)အတွက် စစ်ကော်မရှင်ရဲ့ ခလရ(၅၀)တပ်က မြို့ပတ်လည်မှာ ကင်းပုန်းတွေ ကြိုချထားတယ်လို့ သိရပါတယ်။








