နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

ဇန်နဝါရီလ (၂၄)ရက်။

ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက စစ်ကော်မရှင်ဂိတ်တခုကို တော်လှန်ရေးတပ်ဖွဲ့‌တွေက ဒရုန်းနဲ့ ဗုံးသီး(၄)လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်ဂိတ်ရှိ စစ်မှုထမ်းတပ်သားသစ် (၂)ဦးနဲ့ ရဲတပ်ဖွဲ့ဝင် (၂)ဦး စုစုပေါင်း (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီဒဏ်ရာရသူတွေထဲ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်လဲ ပါဝင်ကာ ဆေးကုသနေချိန် ရရှိထားတဲ့ဒဏ်ရာတွေနဲ့ မနေ့က ဇန်နဝါရီလ (၂၃)ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။

သေဆုံးသွားတဲ့ ဒုရဲအုပ်ကို မနေ့က နေ့ချင်းပဲ မိုးကောင်းသင်္ချိုင်းမှာ ချက်ချင်းသင်္ဂြိုလ်ခဲ့ကြတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မနက်ဖြန် ဇန်နဝါရီလ (၂၅)ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း(၃)အတွက် စစ်ကော်မရှင်ရဲ့ ခလရ(၅၀)တပ်က မြို့ပတ်လည်မှာ ကင်းပုန်းတွေ ကြိုချထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူပိုင်နေအိမ် (၃၄)လုံး ပြာကျခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ရေစကြိုမြို့နယ် သမန္တပို့ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ခင်ဦးနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်မှာ ခင်ဦးနယ်အနောက်တောင်ဘက်ခြမ်းရှိ ညောင်ပင်ကြီးစုရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade
မြန်မာသတင်း

BNRA ဂိတ်တွေကို တိုက်ခိုက်တဲ့အပေါ် GZA ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ BNRA ဂိတ်တွေကို တိုက်ခိုက်ချေမှုန်းတဲ့အပေါ် ပြတ်သားစွာ ရှုံ့ချတယ်လို့ ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်(GZA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ (၁၆)ရက်မှာ MOD လက်အောက်ခံတပ်တွေဟာ BNRA စခန်းနေရာတဝိုက်ကို အင်အား ထောင်ကျော် ဝင်ရောက်လာပြီး
မြန်မာသတင်း

NUG နဲ့ BNRA တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်တပ် ဗုံးကြဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က ပုလဲနယ်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတွေနဲ့ BNRA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်တပ်က ဗုံးလာကြဲသွားတယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ခရိုင်ရင်းတွေ လာတိုက်သွားတဲ့ ပုပ္ပါးဂိတ်ကိုပဲ စစ်တပ်က
မြန်မာသတင်း

ထားဝယ်မှာ စစ်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ် တပြိုင်ထဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၉)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာရှိ (GTC) စစ်တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ DNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တာ (၄)နာရီကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း) ဒီကနေ့ နံနက်ပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သံလွင်တံတား ဖျက်ဆီးခံရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ သေချာမသိရဘူး။ အခုဖျက်ဆီးခံရတာက ဖားဆောင်းဘက်အခြမ်းမှာဖြစ်တာ” လို့
မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ PDF နဲ့ ပကဖတွေရဲ့ ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ ညွှန်ကြားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ရွှေဘိုခရိုင်စစ်ဌာန နယ်မြေထဲက PDF တွေ၊ Local PDF တွေနဲ့ ပကဖတွေ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေအားလုံးကို ‌ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ခရိုင်ပကဖတွေ ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့
မြန်မာသတင်း

ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်ကစပြီး ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီကနေ့