ဇန်နဝါရီလ (၂၄)ရက်။
ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ကျောက်ဖြူမြို့ရှိ မရွင်းရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ မရွင်းရွာကို စစ်တပ်က အသေခံဒရုန်း (၂)စီးနဲ့ ဗုံးကြဲသွားတာ။ အဲ့ဒီမှာ စစ်ရှောင်တွေနေတဲ့ ရွာစာသင်ကျောင်းဝန်းထဲကို ကျသွားတယ်။ ထိခိုက်တာတော့ရှိတယ်။ သေချာတော့ မသိရသေးဘူး” လို့ ဆိုပါတယ်။
မရွင်းရွာကို စစ်တပ်က အသေခံဒရုန်း (၂)စီးနဲ့ ဗုံးကြဲခဲ့ရာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းဝန်းထဲ ကျရောက်ခဲ့ပြီး ထိခိုက်တာတွေရှိပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ကျောက်ဖြူမြို့ ဇင်ချောင်းကုန်ဘေရွာအနီး ကျောက်ဖြူ-ရန်ကုန်ကားလမ်မပေါ်ရှိ ရွှေရခိုင်ကားဂိတ်အနီးကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲချခဲ့ရာ စစ်ရှောင်အချို့ ထိခိုက်ခဲ့ပါသေးတယ်။
ကျောက်ဖြူမြို့မှာ စစ်တပ်က တိုက်ပွဲနဲ့အလှမ်းဝေးတဲ့ AA ထိန်းချုပ်တဲ့ နယ်မြေတွေအထိ ကင်းထောက်ဒရုန်းတွေနဲ့ စောင့်ကြည့်တာတွေရှိတာကြောင့် လေကြောင်းသတိထားဖို့ အသိပေးနှိုးဆော်ထားကြပါတယ်။
ဒါ့အပြင် ကျောက်ဖြူတိုက်ပွဲမှာ အထိနာပြီး အကျအဆုံးများနေတဲ့ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။








