နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

မတ်လ (၂၃)ရက်။

မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက ကုန်ကားတွေကို ဆက်ကြေးကောက်ဖို ဂွေး‌ပင်တောရွာကနေ ထွက်လာတဲ့အချိန် PLA နဲ့ မဟာမိတ်တပ်ဖွဲတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာ” လို ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဂွေးပင်တောရွာကနေ အင်အား (၃၀)ခန့်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက ကုန်ကားကြီးတွေကို ဆက်ကြေးကောက်ဖို ထွက်လာချိန် စောင့်ကြိုတိုက်ခိုက်ခံခဲ့ရတာလို ဖော်ပြထားပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရတဲ့အချိန် စစ်တပ်ရဲ့ နောက်ချန်စစ်ကြောင်းကနေ စစ်ကူလိုက်လာခဲ့သလို ဂွေးပင်တောရွာရှိ အထိုင်စခန်းကနေ (၆၀)မမနဲ့ (၁၀)ကြိမ်ထက်မနဲ ပစ်ကူပေးခဲ့တယ်လို ပြောဆိုထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က (၅)ဦးသေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး မြင်းမူဆေးရုံမှာ ဗိုလ်အဆင့်ရှိ အရာရှိအပါအဝင် (၃)ဦး ထပ်မံသေဆုံးခဲ့ကာ ဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို ‌ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲမှာ (၁၀)ခန့် ကြာမြင့်ခဲ့သလို တော်လှန်ရေးရဲဘော်တွေ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး မဟာမိတ်တပ်ဖွဲက ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ဘူးလို ဆိုပါတယ်။

စစ်ဆင်ရေးကို PLA၊ နွေဦးလူငယ် LPDF၊ Myinmu Local Defence Force LPDF၊ Youth Vigor Revolution Force LPDF၊ Pentagram LPDF၊ အညာကာကွယ်ရေးတပ်ဖွဲ နဲ့ စစ်ကိုင်းခရိုင်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲတို ပူးပေါင်းဖော်ဆောင်ခဲ့ကြတာလို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 12 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 8 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 10 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 11 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 12 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 28 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 27 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို သိရပါတယ်။ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုဟာ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က
မြန်မာသတင်း

ဖာပွန်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိုးတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 29 Views
မတ်လ (၂၃)ရက်။ ဖာပွန်ခရိုင် လူသောမြိုနယ်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိူးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို Rebel Bees-UAV Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လူ‌သောမြိုနယ်အခြေစိုက် ကော်သွေးကျိုးတပ်စခန်းကို KNLA ဦးဆောင်တဲ့ ဒရုန်းတပ်ဖွဲတွေအပါအဝင်