မတ်လ (၂၄)ရက်။
ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။
ဒီလို ချင်းပြည်အစိုးရရဲ့ ဖေဖော်ဝါရီလထဲ သတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းမူဝါဒအရ ချင်းပြည်ကောင်စီ လက်အောက်ရှိ ကာကွယ်ရေးအဖွဲတွေက လုပ်ငန်းစဉ်တွေ စတင်အကောင်အထည်ဖော်နေတယ်လို ဖော်ပြထားပါတယ်။
ဒါ့ကြောင့် CDF-Matupi အနေနဲ့ အထက်က ညွှန်ကြားလာတဲ့ ညွှန်ကြားတာတွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို ရေးသားထားပါတယ်။
အဲ့ဒီအတွက် ထိန်းချုပ်နယ်မြေထဲကနေ ထွက်ခွာမယ်ဆိုရင် CDF-Matupi ဌာနချုပ်ရဲ့ ထောက်ခံစာနဲ့သာ ထွက်ခွာနိုင်မယ်လိုလဲ အသိပေးထားပါတယ်။
ဒါ့အပြင် အခုချမှတ်လိုက်တဲ့ မူဝါဒနဲ့ ကိုက်ညီသူတွေအနေနဲ့ အမျိုးသားတာဝန် ထမ်းဆောင်နိုင်ဖိုအတွက် လာရောက်ပူးပေါင်းပါဝင်နိုင်တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။








