နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ရပ်နေရင်း၊ နယ်စပ်တွင် တပ်ဖွဲ့ဝင်များ စုရုံးထားသော်လည်း ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော် တိုက်ခိုက် လိမ့်မည်ဆိုသည့် အကြံအစည်မှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သလောက် ရှိနေခဲ့သေး သည်။

ဟုတ်ပါသည်။ ကရင်မလင်၏ အားအကောင်းဆုံးပုဂ္ဂိုလ် ဗလာဒီမာ ပူတင်သည် ရုရှား၏ စစ်အင်အားကို အသုံးချခြင်း၌ အရသာတွေ့နေခဲ့သည်။ ချေချင်းညာ၊ ဂျော်ဂျီယာနှင့် ဆီးရီးယားတို့ရှိ ပူတင်၏ စစ်ပွဲများအပြင် ခရိုင်းမီးယားနှင့် ယူကရိန်းအရှေ့ပိုင်းတို့ရှိ စစ်ရေး လှုပ်ရှားမှုများသည် သူ့အတွက် ကုန်ကျစရိတ် အနည်းငယ်ဖြင့် အောင်မြင်မှုများ ရရှိစေ ခဲ့သည်။

သို့သော် ရုရှားပြီးလျှင် ဥရောပတွင် ဒုတိယအကြီးဆုံးဖြစ်သည့် နိုင်ငံကို ကျူးကျော်ခြင်းသည် ပျက်စီးဆုံးရှုံးမှုကြီးမားနိုင်သည့် အလားအလာရှိနေသဖြင့် ပူတင်ကဲ့သို့ အေးစက်သော မဟာဗျူဟာမြောက် ပညာရှင်တစ်ဦးကိုပင် ပြန်လည်စဉ်းစားရန် အချိန်ပေးစေလိမ့်မည်မှာ သေချာပါသည်။

ယူကရိန်းမြို့တော်ပေါ်သို့ ဒုံးကျည်များ မိုးသီးမိုးပေါက်ကဲ့သို့ ကျရောက်နေချိန်တွင် ကျွန်ုပ်၏ ကျည်ကာအင်္ကျီကို ဝတ်ဆင်ရန် လုံးပန်းနေရင်း “ လုံးဝ ပြုလုပ်မှာမဟုတ်” ဟု တွေးမိခဲ့သည် ကို မှတ်မိနေပါသည်။

လွန်ခဲ့သည့် ပဋိပက္ခ လေးနှစ်တာကာလသည် မှားယွင်းသော ယူဆချက်တစ်ခုထက်မကကို ဖော်ထုတ်ခဲ့သည်။ အထူးသဖြင့် ယူကရိန်းသည် အလွန်အားနည်းပြီး အစီအစဉ်မကျသဖြင့် အလုံးစုံကျူးကျော်မှုကို ခုခံနိုင်လိမ့်မည်မဟုတ်ဟု ကိယက်ဗ်၏ မဟာမိတ်များကြားတွင်ပင် ကျယ်ပြန့်စွာ ယုံကြည်ခဲ့ကြသည့် အချက်မှာ ထင်ရှားသော အမှားတစ်ခု ဖြစ်ခဲ့သည်။

ထို့အတူ ရုရှား၏ ကြီးမားသော စစ်တပ်နှင့်ပတ်သက်၍ မည်သူမျှ မအောင်နိုင်ဟူသော ဂုဏ်သတင်းမှာလည်း ထိခိုက်ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။

Royal United Services Institute (RUSI) အမည်ရှိ သုတေသနအဖွဲ့၏ လေ့လာချက်အရ ကရင်မလင်က ၎င်း၏ “ အထူးစစ်ဆင်ရေး” ဟု အမည်တပ်ထားသော လှုပ်ရှားမှုကို စတင်ချိန်တွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် ၁၀ ရက်အတွင်း ယူကရိန်းကို ထိန်းချုပ်နိုင် လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

ရက်ပေါင်း ၁,၄၅၀ ကျော် ကြာမြင့်လာပြီးနောက်တွင် ထိုအချိန်ကာလ သတ်မှတ်ချက်မှာ မျှော်လင့်ချက်လွန်ကဲပြီး နုနယ်လွန်းကြောင်း တွေ့ရှိရကာ၊ နာကျင်မှု၊ ပျက်စီးဆုံးရှုံးမှုနှင့် သွေးထွက်သံယိုမှုတို့အတွက် ကြီးမားသော ပေးဆပ်မှုဖြစ်စေသည့် အခြေခံကျသော ခန့်မှန်းချက်အမှားတစ်ခု ဖြစ်ခဲ့ကြောင်း သက်သေပြခဲ့သည်။

ထိခိုက်ကျဆုံးမှုများ

သတင်းအချက်အလက်များကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ထားသော ရုရှားတွင် ဖြစ်ပွား ခဲ့သော အမှန်တကယ် ပေးဆပ်မှုများကို ဂရုတစိုက် ဖုံးကွယ်ထားသည်။ တရားဝင် ထိခိုက် ကျဆုံးစာရင်းများကို လူထုမျက်ကွယ်တွင် တင်းကျပ်စွာ ထားရှိသော်လည်း အရင်းအမြစ် မျိုးစုံမှ ခန့်မှန်းချက်များအရ ဆုံးရှုံးမှုများမှာ အလွန်အမင်း မြင့်မားနေကြောင်း ဖော်ပြနေသည်။

ဥပမာအားဖြင့်၊ အမေရိကန်အခြေစိုက် Center for Strategic and International Studies (CSIS) ၏ နောက်ဆုံးသုတေသနအရ အလုံးစုံကျူးကျော်မှု စတင်ချိန်မှစ၍ ရုရှားတပ်ဖွဲ့ဝင် ၁.၂ သန်းခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထိုထိတ်လန့်ဖွယ် ကိန်းဂဏန်းသည် (လူပေါင်း ၅၀၀,၀၀၀ နှင့် ၆၀၀,၀၀၀ ကြားရှိမည်ဟု ယူဆရသော ယူကရိန်းဘက်မှ ထိခိုက်မှုများ မပါဝင်ဘဲ) “ ဒုတိယကမ္ဘာစစ်နောက်ပိုင်း မည်သည့်စစ်ပွဲတွင်မဆို မည်သည့်အင်အားကြီးနိုင်ငံမှ ကြုံတွေ့ခဲ့ရသော ထိခိုက်ကျဆုံးမှု ထက်မဆို ပိုမိုမြင့်မားနေသည်” ဟု CSIS အစီရင်ခံစာက ဆိုသည်။

ထိုခန့်မှန်းချက်အနက် ရုရှားစစ်သား ၃၂၅,၀၀၀ ခန့်မှာ လွန်ခဲ့သည့် လေးနှစ်အတွင်း သေဆုံး ခဲ့ကြောင်း အစီရင်ခံစာက ထပ်လောင်းပြောကြားသည်။ နှိုင်းယှဉ်ပြရလျှင် ၎င်းမှာ ၁၉၄၅ ခုနှစ်နောက်ပိုင်း ကိုရီးယား၊ ဗီယက်နမ်၊ အာဖဂန်နစ္စတန်နှင့် အီရတ် စစ်မြေပြင်များအပါအဝင် အမေရိကန် တိုက်ခိုက်ခဲ့သော စစ်ပွဲအားလုံးတွင် ကျဆုံးခဲ့သည့် စုစုပေါင်းအရေအတွက်ထက် သုံးဆခန့် ပိုများနေခြင်း ဖြစ်သည်။

ယူကရိန်းပဋိပက္ခသည် ငါးနှစ်မြောက်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ သမ္မတ ဒေါ်နယ်ထရန့် မကြာခဏ ထောက်ပြသကဲ့သို့ပင် စစ်မြေပြင်မှ သွေးချောင်းစီးမှုများသည် လတိုင်းတွင် တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေသည်။

ကရင်မလင်က ထိုကိန်းဂဏန်းများကို အတည်မပြုသေးသော်လည်း ယူကရိန်းအရာရှိများက ဒီဇင်ဘာလ တစ်လတည်းတွင်ပင် ရုရှားတပ်ဖွဲ့ဝင် ၃၅,၀၀၀ ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။ ယခုအခါ ကိယက်ဗ်ရှိ စစ်ရေးစီမံချက်ရေးဆွဲသူများ၏ ရည်မှန်းချက်မှာ ရုရှားစစ်သားအသစ်များကို လေ့ကျင့်ပေးပြီး စစ်မြေပြင်သို့ ပို့ဆောင်နိုင်သည့် နှုန်းထက် ပိုမိုမြန်ဆန်စွာ သတ်ဖြတ်ရန် ဖြစ်သည်။

“ အကယ်၍ ကျွန်တော်တို့ ၅၀,၀၀၀ အထိ ရောက်သွားရင် ရန်သူ ဘာဖြစ်မလဲဆိုတာ ကြည့်ရ ပါလိမ့်မယ်။ သူတို့က လူတွေကို အရင်းအမြစ်တစ်ခုလိုပဲ မြင်ကြပြီး အခုဆိုရင် လူအင်အား မလုံလောက်မှုတွေက သိသိသာသာကို ပေါ်လွင်နေပါပြီ” ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီး မိုင်ခိုင်လို ဖက်ဒိုရော့ဗ် (Mykhailo Fedorov) က မကြာသေးမီက သတင်းစာရှင်းလင်းပွဲ တစ်ခု တွင် ပြောကြားခဲ့သည်။

နည်းလမ်းများစွာဖြင့် ကြည့်လျှင် ဤစစ်ပွဲသည် အရုပ်ဆိုးသော ဂဏန်းသင်္ချာ ကစားပွဲတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

စီးပွားရေး

သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက် အများအပြား ထွက်ခွာသွားကြသော သို့မဟုတ် ပယ်ထုတ်ခံထားရသော မော်စကိုမြို့သို့ ကျွန်ုပ်သွားရောက်သည့်အခါတိုင်း ယူကရိန်းရှိ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲသည် မည်မျှပင် ဝေးကွာနေသနည်းဟု ထင်မှတ်ရ လောက် အောင် အံ့သြစရာ ကောင်းလှသည်။

အပေါ်ယံကြည့်လျှင် ဆိုင်ခန်းများ၊ ကော်ဖီဆိုင်များနှင့် ယာဉ်ကြောပိတ်ဆို့မှုများရှိနေသည့် ခမ်းနားသော ရုရှားမြို့တော်သည် ရှေ့တန်းစစ်မျက်နှာ၏ ကြောက်မက်ဖွယ်ရာများမှ ကင်းဝေးနေပုံရသည်။ မော်စကိုမြို့သား အနည်းငယ်သာ ဂရုစိုက်မိကြသည့် ယူကရိန်း ဒရုန်းများကို တစ်ခါတစ်ရံ ကြားဖြတ်ဟန့်တားရခြင်းမှလွဲ၍ ဖြစ်သည်။

၂၀၂၂ ကျူးကျော်မှုအပြီးတွင် ပိတ်ဆို့အရေးယူမှုများကြောင့် ခဏတာ တုန်လှုပ်သွားခဲ့ သော်လည်း ရုရှား၏ စစ်ရေးအသုံးစရိတ်များ မြင့်တက်လာပြီး ၎င်း၏ စီးပွားရေးမှာလည်း ပြန်လည်ဦးမော့လာခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများကြောင့် ရုရှားသည် အနောက်နိုင်ငံများ၏ စီးပွားရေး ပြိုလဲမည်ဟူသော ခန့်မှန်းချက်များကို ကျော်လွှားနိုင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် ရုရှားသည် ကနေဒါနှင့် ဘရာဇီးနိုင်ငံတို့၏ ရှေ့သို့ ရောက်ရှိလာပြီး ကမ္ဘာ့ နဝမမြောက် အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာခဲ့သည်။ ၎င်းမှာ ယူကရိန်းစစ်ပွဲ မစတင်မီက အဆင့် ၁၁ နေရာတွင် ရှိနေခဲ့ရာမှ တက်လှမ်းလာခြင်း ဖြစ်သည်။

သို့သော် ပုံပျက်ပန်းပျက်ဖြစ်နေသော စစ်တွင်းစီးပွားရေးနှင့် ဆက်စပ်နေသည့် ငွေရေး ကြေးရေးဆိုင်ရာ နာကျင်မှုများမှာ တဖြည်းဖြည်း ပေါ်လွင်လာနေသည်။

ပြဿနာတစ်ခုမှာ စစ်တပ်ထဲဝင်ရန် သဘောတူသည့် ရုရှားနိုင်ငံသားများကို အပိုဆုကြေး ငွေများ အမြောက်အမြားပေးခြင်းနှင့် တိုက်ပွဲတွင် ကျဆုံးပါက ပိုမိုများပြားသော လျော်ကြေး ငွေများ ပေးဆောင်နေရခြင်း ဖြစ်သည်။

ထို့အပြင် စစ်တပ်ထဲသို့ လူစုဆောင်းခြင်းနှင့် စစ်လက်နက် ထုတ်လုပ်ရေးကို ဦးစားပေးခြင်း တို့ကြောင့် အခြားသော မရှိမဖြစ်လိုအပ်သော လုပ်ငန်းကဏ္ဍများတွင် “ ပြင်းထန်သော လုပ်သားရှားပါးမှု” ကြုံတွေ့နေရကြောင်း ကရင်မလင်လိုလားသော Nezavisimaya Gazeta သတင်းစာက ဖော်ပြခဲ့သည်။

“ စီးပွားရေးမှာ စက်ကိရိယာ မောင်းနှင်သူတွေ ဒါမှမဟုတ် တပ်ဆင်ရေး အလုပ်သမားတွေ လုံလောက်မှု မရှိပါဘူး။ ကျွန်တော်တို့ အလုပ်သမား ၈၀၀,၀၀၀ လောက်ကို တစ်နေရာရာ ကနေ ရှာဖွေဖို့ လိုအပ်နေပါတယ်” ဟု ထိုသတင်းစာတွင် ဖော်ပြထားသည်။

စားသောက်ကုန် ဈေးနှုန်းများ တဟုန်ထိုး မြင့်တက်လာခြင်းမှာလည်း စားသုံးသူများအတွက် နာကျင်စရာဖြစ်လာပြီး၊ မကြာသေးမီက သခွားသီးဈေးနှုန်းသည် လူထုမကျေနပ်မှု၏ အချက်အချာ ဖြစ်လာခဲ့သည်။

တရားဝင် စာရင်းဇယားများအရ သခွားသီးဈေးနှုန်းသည် ဒီဇင်ဘာလမှစ၍ နှစ်ဆ မြင့်တက် သွားခဲ့ပြီး၊ အချို့ဆိုင်များတွင် ထိုထက်ပိုသော ဈေးနှုန်းများဖြင့် ရောင်းချနေကြောင်း သိရ သည်။ ရုရှားစီးပွားရေး နှေးကွေးလာသည်နှင့်အမျှ အခြေခံစားသောက်ကုန်များမှာ စစ်တွင်း ကာလ ဈေးနှုန်းများ ဖြစ်လာခဲ့သည်။

“ သခွားသီးနဲ့ ခရမ်းချဉ်သီးဈေးတွေက မတန်တဆပါပဲ။ တစ်ခါတုန်းကတော့ ဥတွေက ‘ရွှေ’ ဖြစ်နေတယ်လို့ ပြောကြတယ်။ အခုတော့ သခွားသီးတွေ ဖြစ်နေပြီ” ဟု ဆဗက်တလာနာဟု အမည်ပေးထားသော အမျိုးသမီးတစ်ဦးက အာဏာပိုင်များကို ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်မှုတစ်ခုအဖြစ် အွန်လိုင်းတွင် ရေးသားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ငွေကြေးဖောင်းပွမှု အရှိန်အဟုန် မြင့်မားခြင်းမှသည် စားသောက်ဆိုင်များ ပိတ်သိမ်းရခြင်းနှင့် အခွန်များ သိသိသာသာ တိုးမြှင့်ခြင်းတို့ကြောင့် ယူကရိန်းရှိ ရှည်လျားသော စစ်ပွဲသည် ရုရှားပြည်သူများ၏ အိတ်ကပ်ကို မည်သို့ ထိခိုက်နေကြောင်း စီးပွားရေးဆိုင်ရာ မှောင်မိုက်သော သတင်းများက ဖော်ပြနေသည်။

နိုင်ငံတကာ အခြေအနေ

နိုင်ငံတကာ နယ်ပယ်တွင်လည်း ဤစစ်ပွဲသည် ကရင်မလင်အတွက် အကျိုးအမြတ် သိပ်မရှိခဲ့ပေ။

နေတိုး (NATO) အဖွဲ့ ထပ်မံတိုးချဲ့မှုကို တားဆီးရန်မှာ ယူကရိန်းကို ကျူးကျော်ရသည့် အဓိက အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ရုရှားအရာရှိများက ပြောကြားခဲ့သည်။

သို့သော် အလုံးစုံကျူးကျော်မှု၏ တိုက်ရိုက်ရလဒ်အဖြစ် ဆွီဒင်နှင့် ဖင်လန်တို့ နေတိုးအဖွဲ့ထဲသို့ ဝင်ရောက်သွားခြင်းသည် ထိုရည်မှန်းချက် သိသိသာသာ ကျဆုံးသွားခြင်းပင် ဖြစ်သည်။ ဖင်လန်နိုင်ငံ အဖွဲ့ဝင်ဖြစ်လာမှုတစ်ခုတည်းဖြင့်ပင် ရုရှားနှင့် နေတိုးနိုင်ငံများအကြား ကုန်းမြေ နယ်နိမိတ်မှာ နှစ်ဆကျော် တိုးလာခဲ့သည်။

ထို့အပြင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် နိုင်ငံရေးအရ အထီးကျန် ဖြစ်မှုတို့ကြောင့် ရုရှားသည် အရှေ့ဘက်သို့ အထူးသဖြင့် တရုတ်နိုင်ငံဘက်သို့ ဦးလှည့်ခဲ့ရသည်။ စွမ်းအင်တင်ပို့မှုမှသည် ကားနှင့် အီလက်ထရွန်နစ် ပစ္စည်းများ တင်သွင်းမှုအထိ အရေးကြီးသော ကုန်သွယ်မှုများအတွက် ယခုအခါ တရုတ်အပေါ် ပိုမိုမှီခိုလာရသဖြင့် ပေကျင်းသည် မော်စကိုအပေါ် အသာစီးရလာစေခဲ့သည်။

“ မော်စကိုက ပေကျင်းအပေါ် မှီခိုနေရတာက ပေကျင်းက မော်စကိုအပေါ် မှီခိုတာထက် ပိုများနေတဲ့အတွက် ဒီဆက်ဆံရေးက မမျှတပါဘူး” ဟု Center for European Policy Analysis (CEPA) ၏ မကြာသေးမီက အစီရင်ခံစာတစ်ခုတွင် မှတ်ချက်ပြုထားသည်။

“ ရုရှားဟာ စီးပွားရေးဆိုင်ရာ ရွေးချယ်စရာ နည်းပါးလာတာကြောင့် တရုတ်ရဲ့ လက်အောက်ခံ မိတ်ဖက်အဖြစ် သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ” ဟု CEPA အစီရင်ခံစာက ဆက်လက် ဖော်ပြသည်။

မော်စကိုသည် အခြားနေရာများရှိ ၎င်း၏ ရိုးရာသြဇာအာဏာများ ဆုတ်ယုတ်လာမှုကိုလည်း တားဆီးနိုင်ခြင်း မရှိပုံရသည်။

၂၀၂၄ ခုနှစ်တွင် ကရင်မလင်သည် ၎င်း၏ ဆီးရီးယားမဟာမိတ် ဘာရှာ အယ်လ်အာဆတ် (Bashar al-Assad) ကို သူပုန်တပ်ဖွဲ့များက ရာထူးမှ ဖယ်ရှားလိုက်သောကြောင့် ဆီးရီးယားမှ ထွက်ပြေးခဲ့ရပြီး ခိုလှုံခွင့် ပေးခဲ့ရသည်။ ရုရှား၏ စစ်အခြေစိုက်စခန်း နှစ်ခုရှိနေဆဲဖြစ်သော ဆီးရီးယား၏ သမ္မတသစ်သည် အာဆတ်ကို မော်စကိုမှ လွှဲပြောင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုထားသည်။

ပြီးခဲ့သည့် နွေရာသီက အမေရိကန်နှင့် အစ္စရေး တိုက်လေယာဉ်များက မော်စကို၏ အရှေ့အလယ်ပိုင်း မဟာမိတ်ဖြစ်သူ အီရန်၏ နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်ချိန်တွင်လည်း ရုရှားမှာ ဘာမျှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။

ထို့အပြင် ကရင်မလင်နှင့် နီးစပ်သော ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရို (Nicolás Maduro) သည် ပြီးခဲ့သည့်လက ကာရာကတ်စ်မြို့ရှိ ၎င်း၏ အိပ်ခန်းထဲ၌ အမေရိကန် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရစဉ်တွင်လည်း ရုရှားအနေဖြင့် မကာကွယ်နိုင်ခဲ့ပေ။

ရုရှားအနေဖြင့် ယူကရိန်းတွင် အင်အားမစိုက်ထုတ်ရဘဲ ရုန်းမထွက်နိုင် ဖြစ်မနေခဲ့လျှင်ပင် ထိုဖြစ်ရပ်များကို တားဆီးနိုင်မည် မဟုတ်ခဲ့ပေ။

သို့သော် ယူကရိန်းကို အကြီးအကျယ် ထိခိုက်စေခဲ့သည့် လေးနှစ်တာ ကြာမြင့်သော စစ်ပွဲ အပြီးတွင် ရုရှားသည် ပြည်တွင်း၌ အင်အားချည့်နဲ့သွားပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် လည်း ဂုဏ်သိက္ခာ ကျဆင်းသွားခဲ့ရသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ကိယက်ဗ်မြို့ရှိ ထိုဟိုတယ်ခေါင်မိုးပေါ်တွင် ရပ်နေစဉ်က ပူတင်သည် ယူကရိန်းကို အလုံးစုံ ကျူးကျော်ရန် အမိန့်ပေးလိမ့်မည်ဆိုသည့်အပေါ် ကျွန်ုပ်နှင့် အခြားသူအများအပြား ခန့်မှန်းချက် မှားယွင်းခဲ့ကြသည်။

သို့သော် ထိုသို့ကျူးကျော်မှု၏ ဆိုးရွားသော နောက်ဆက်တွဲရလဒ်များမှာ ယူကရိန်း သားများ အတွက်သာမက ရုရှားသားများအတွက်ပါ ကြောက်မက်ဖွယ် ဖြစ်လာလိမ့်မည်ဟူသော ခန့်မှန်းချက်မှာမူ ကံမကောင်းစွာဖြင့်ပင် အလွန်မှန်ကန်နေခဲ့ပါသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ရုရှားနိုင်ငံတော်အလံ နောက်ခံဖြင့် ဓာတ်ပုံသရုပ်ဖော်ထားစဉ် ဓာတ်ပုံ – Alberto Mier/CNN/Getty Images(ပုံ)

ရုရှား၏ ယူကရိန်းအပေါ် တိုက်ခိုက်မှုများကြား လေကြောင်းရန် သတိပေးချက် ထုတ်ပြန်ထားစဉ် အမျိုးသမီးတစ်ဦးသည် မြေအောက်ဘူတာရုံအတွင်း ခိုလှုံရင်း အိပ်ပျော်နေစဉ်။ Alina Smutko/Reuters (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 39 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 30 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့