နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့

ဖေဖော်ဝါရီလ (၂၅)ရက်။

မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မြို့ပေါ် ပြည်သူ့ဆေးရုံမှာ တပ်စွဲနေတဲ့ စကမတွေက ညနေ (၆)နာရီလောက်မှာ သံပြားကာကားတွေ အကာအကွယ်လုပ်ပြီး အင်အား (၄၀)လောက်နဲ့ မြို့အနောက်ထွက် ခင်ဦး-ရေဦးကားလမ်းက အိမ်တွေ၊ ဈေးဆိုင်ခန်းတွေနဲ့ ဆန်စက်တွေကို အကြောင်းမဲ့ မီးရှို့နေတာ” လို့ ဆိုပါတယ်။

ခင်ဦးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ သံပြားကာကားကို အကာအကွယ်လုပ်ပြီး အင်အား (၄၀)ခန့်နဲ့ ခင်ဦး-ရေဦး လမ်းတလျှောက်ရှိ နေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေနဲ့ ဆန်စက်တွေကို အကြောင်းမဲ့ လှည့်လည်မီးရှို့နေတာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ကော်မရှင်စစ်ကြောင်းကို မြို့နယ်ပကဖတွေ၊ UG ပကဖတွေနဲ့ တိုက်နယ်ပကဖတွေ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကော်မရှင်တပ်ရဲ့ ဗိုလ်အဆင့်ရှိ ကျော်ကိုကိုဦးဆိုသူ သေဆုံးကာ (၁)ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိသလို စစ်ကော်မရှင်တပ်သားတွေဆီကနေ MA-1 သေနတ်(၁)လက် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ ‌ဗိုလ်အဆင့်ရှိသူ ကျော်ကိုကိုဦးကို ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ခင်ဦးမြို့ တောင်သုသာန်မှာ မီးရှို့သင်္ဂြိုလ်ခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။

တိုက်ပွဲထဲ သေဆုံးသွားတဲ့ ဗိုလ်အဆင့်ရှိသူ ကျော်ကိုကိုဦးဟာ  မီးရှို့ကိုကိုဆိုပြီး ပြည်သူတွေအကြား နာမည်ဆိုးထွက်နေသလို သူကိုယ်တိုင်လဲ အဲ့ဒီနာမည်ကို သုံးနှုန်းကာ ပြည်သူတွေကို ကြွေးကြော် ခြိမ်းခြောက်နေတာလို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး သူဟာ ပြီးခဲ့တဲ့နှစ်က ခင်ဦး-ရွှေဘို နယ်စပ်တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနဲ့ တပ်ကြပ်အဆင့်တို့အပါအဝင် အများအပြား သေဆုံးခဲ့တဲ့ စစ်ကြောင်းရဲ့ အသေခံပြီး လာရောက် ပို့ဆောင်တပ်ချိန်းထားတဲ့ ရန်ကုန် တမဟ(၄)က ဗိုလ်နဲ့ အဖွဲ့သစ်တွေလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်းဆင်းအင်အား (၁)သိန်းနီးပါးအထိရှိလာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 17 Views
မတ်လ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား (၉၄၉၆၀)ဦးအထိ ရှိလာပြီလို မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ(MDSI)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

MNDAA နဲ့ TNLA တော်လှန်ရေးအကျိုး မထိခိုက်စေဘဲ ညှိနှိင်းဖြေရှင်းဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 16 Views
မတ်လ (၁၈)ရက်။ MNDAA နဲ့ TNLA တိုရဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မေတ္တာရပ်ခံ
မြန်မာသတင်း

ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်းတွေ လွတ်မြောက်ဖို့ဆိုတဲ့အချက် ထည့်သွင်းတောင်းဆိုဖို့ NLD တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ CRPH ကျင်းပနေတဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပိုခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ ‌နွေဦးတော်လှန်ရေး (၅)နှစ်ကျော်ကာလရောက်ပေမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို (၉)ကြိမ်အထိ အဆက်မပြတ် ကျင်းပနိုင်တဲ့အပေါ်
မြန်မာသတင်း

စစ်တပ်ရဲ့ အမျိုးသားလွှတ်ဥက္ကဋ္ဌနေရာ အောင်လင်းဒွေးကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းက အမျိုးသားလွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အမျိုးသားလွှတ်တော်အစည်းအဝေးကို သဘာပတိအနေနဲ့ ဒေါ်ဒွဲဘူကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကိုပါ ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီလို စစ်တပ်ရဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အောင်လင်းဒွေးကို
မြန်မာသတင်း

အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ထိပ်တန်းလုံခြုံရေးအကြီးအကဲ သေဆုံးပြီးနောက် အီရန်က လက်စားချေမည်ဟု ကြုံးဝါး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက် ထိုအတောအတွင်း အီရန်၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးအလယ်ပိုင်းတွင် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး၊ အမေရိကန်ကမူ ဟော်မုဇ် ရေလက်ကြားတစ်လျှောက်ရှိ အီရန်ဒုံးကျည်စခန်းများပေါ်သို့ ပေါင်
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 24 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၀)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကို ဒေသထဲတနေရာမှာ ပြုလုပ်ခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို ဇန်နဝါရီလ အစောပိုင်းက စတင်ခဲ့ပြီး သင်တန်းကာလ စုစုပေါင်း
မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 37 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပခုက္ကူအနောက်ခြမ်း ကန်တော်ရွာကနေ ညောင်ဂျစ်ပင်ပျူစောထီးရွာကို အင်အား (၇၀)ကျော်နဲ့ ထွက်လာတဲ့
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 32 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်းကစပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်ကို ရောက်နေကြပြီ။ အပစ်ရပ်တာကတော့