ဇန်နဝါရီလ (၂၆)ရက်။
တိုက်ပွဲထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း (၅၀၀)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်သုံ့ပန်းတွေကို လူသားစာနာမှုအနေနဲ့ တရုတ်ပြက္ခဒိန်အရ မနေ့က တာကျောင်မဟာပူဇော်ပွဲ (၇)ရက်မြောက်နေ့ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲ အခမ်းအနားမှာ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ဒီလို လုပ်ဆောင်တာဟာ တရားဥပဒေစိုးမိုးမှုရဲ့ အာဏာသက်ရောက်မှုနဲ့ စနစ်ရဲ့ တိကျခိုင်မာမှုကို ဖော်ပြရုံသာမက မူဝါဒပိုင်းဆိုင်ရာ စေတနာနဲ့ လူမှုရေးစောင့်ရှောက်မှုတို့ကိုပါ ပေါ်လွင်စေတယ်လို့ ဖော်ပြထားပါတယ်။
ကိုကန့်တပ်(MNDAA)က ပြန်လွှတ်ပေးခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ စာရင်းအသေးစိတ် အချက်အလက်ကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ ရရှိလာတဲ့ အခွင့်အရေးကို တန်ဖိုးထားကာ အမှားကနေ သင်ခန်းစာယူပြီး လမ်းမှန်ကို ပြန်ရောက်ကာ လူအဖွဲ့အစည်းထဲ ပြန်လည်ဝင်ရောက်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူပူးပေါင်းပါဝင်လာစေဖို့ လမ်းညွှန်ပေးလိုက်တာလို့ ပြောဆိုထားပါတယ်။
နောက်ပြီး အဲ့ဒီအခမ်းအနားအစီအစဉ်ထဲ ပြစ်မှုသေးငယ်ပြီး နောင်တရကာ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ပြသနိုင်တဲ့ အကျဉ်းသား (၉)ဦးကို ပြန်လွှတ်ပေးခဲ့သလို အကျဉ်းသား (၄၉)ဦးကိုလဲ ပုစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုးကန့်တပ်(MNDAA)အနေနဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရင်နေ့က စတင်ခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးတွေထဲ ဗိုလ်ချုပ်အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ထောင်နဲ့ချီကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။








