နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ဆွေးနွေးအဖြေရှာ

ဖေဖော်ဝါရီလ (၂၈)ရက်။

ဖေဖော်ဝါရီလ (၂၂)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ‌အဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို NUG နဲ့ NUCC တို့အကြား ည (၇)နာရီကနေ (၁၁)နာရီအချိန်အထိ ရင်းနှီးပွင့်လင်းစွာ အဖြေရှာခဲ့ကြတယ်လို့ ဆိုပါတယ်။

အစည်းအဝေးမှာ တော်လှန်ရေးဦးဆောင်မှုတခု ပေါ်ပေါက်စေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း(၂) ပြင်ဆင်ဖို့ ကော်မတီမှာ NUG ကိုယ်စားလှယ်တွေ ပါဝင်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး NUCC ပြုပြင်ပြောင်းလဲဖို့၊ ဖက်ဒရယ်အသွင် ကူးပြောင်းရေး အစီအမံတွေဆိုင်ရာ အခြေခံဥပဒေ AFTA ရှေ့ဆက်ရေးဆွဲနိုင်ဖို့နဲ့ NUCC/NUG ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ ကောင်းမွန်တဲ့ သဘောတူညီတာတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ‌ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။

အစည်းအဝေးမှာ NUCC မှပါဝင်တဲ့ ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစုအဖွဲ့တွေဘက်က ကောင်စီဝင်ခေါင်းဆောင်တွေနဲ့အတူ ကျန်အစုအဖွဲ့တွေက ကောင်စီဝင်တွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် NUG ရဲ့ Political Coordination Commission (PCC)မှာ ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ဗိုလ်မှူးတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 18 Views
မတ်လ (၂၅)ရက်။ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

သင်္ကြန်ကာလ စက်သုံးဆီချွေတာနိုင်ဖို လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 11 Views
မတ်လ (၂၅)ရက်။ သင်္ကြန်ကာလထဲ စက်သုံးဆီ အများအပြားမသုံးစေဖို လမ်းလျှောက်သင်္ကြန်အနေနဲ့ သတ်မှတ်ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က စက်သုံးဆီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို
မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 15 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး အခုလ (၂၄)ရက်နေ့အထိ ယောဒေသထဲက YDF ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ရပ်နေရင်း၊ နယ်စပ်တွင် တပ်ဖွဲ့ဝင်များ စုရုံးထားသော်လည်း ရုရှားက
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 41 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 36 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 31 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 30 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့