နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

မတ်လ (၂၈)ရက်။

မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းမှာ ခွေးတပ်မတော်နေ့ ကျင်းပတဲ့နေရာကို ၁၀၇မမ ရှော့တိုက်ဒုံး (၅)နဲ့ ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီမှာ (၄)လုံးကို တိုက်ခိုက်ရေးကျောင်းထဲ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်” လို ဆိုပါတယ်။

တော်လှန်ရေးတပ်တွေဟာ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းရဲ့ တပ်မတော်နေ့အခမ်းအနား ကျင်းပတဲ့နေရာကို ၁၀၇မမ ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်ခဲ့ကာ (၄)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ အဓိကဒေါက်တိုင်တွေဖြစ်တဲ့ တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူးသင်တန်းတွေကို အဓိကပေးတဲ့ သင်တန်းကျောင်းရဲ့ တပ်မတော်နေ့ အခမ်းအနားမှာ အထိနာစေဖို ပစ်ခတ်တိုက်ခိုက်တာလို ရေးသားထားပါတယ်။

မနေ့ကဖော်ဆောင်တဲ့ စစ်ဆင်ရေးဟာ စစ်ရှုးကောင်စီရဲ့ ဩဇာကိုခံပြီး ပြည်သူကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်အရာရှိတွေကို သင်တန်းပိုချနေချိန်ကာလမှာ အရေးကြီးတဲ့ အခမ်းအနားကို တိုက်ခိုက်တာလို ပြောဆိုထားပါတယ်။

နေပြည်တော်မှာ တပ်မတော်နေ့ အခမ်းအနားကို နည်းမျိုးစုံနဲ့ အင်အားသုံး ကာကွယ်ထားတဲ့အတွက် ဘုရင့်နောင်သင်တန်းကျောင်းက အခမ်းအနားကို တိုက်ခိုက်တာဖြစ်သလို ဆက်လက်ပြီးလဲ စစ်ရေးပစ်မှတ်ကြီးတွေကို ကြိုးစားတိုက်ခိုက်သွားမယ်လို အသိပေးထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို BWM ဦးဆောင်ကာ MKCDF နဲ့ ACPLF တိုက KNLA တပ်မဟာ(၂) တပ်ရင်း(၅)နဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 7 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 9 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 32 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 39 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 30 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့