ဇန်နဝါရီလ (၃၀)ရက်။
ဇန်နဝါရီလ (၂၈)ရက် ညနေ (၅)နာရီခွဲကျော်အချိန်က ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းမဟာမိတ်တွေက စစ်တပ်ရဲ့ လေကြောင်းကနေ ခုခံနေတဲ့ကြားက သိမ်းပိုက်ရရှိခဲ့တာပါ” လို့ ဆိုပါတယ်။
ပွိုင့်(၆၆၆)စခန်းကုန်းဟာ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတခုဖြစ်ပြီး စစ်တပ်ဟာ လေကြောင်းကနေ အသည်းအသန် ခုခံကာကွယ်နေတဲ့ကြားက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါတယ်။
အဲ့ဒီစခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အချိန် စစ်တပ်ဘက်က အသေအဆုံးအများအပြားနဲ့ ထွက်ပြေးသွားခဲ့ကာ အလောင်းနဲ့ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အခုလို ပန်းတောင်းမြို့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းကုန်းတခုဖြစ်တဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး AA ဘက်က တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။
အဲ့ဒီစခန်းကုန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလထဲ AA က သိမ်းပိုက်နိုင်ခဲ့ပေမယ့် လေကြောင်းဗုံးကြဲတာတွေကြောင့် ယာယီဆုတ်ခွာခဲ့ကာ စစ်တပ်ဘက်က ပြန်လည်နေရာယူခဲ့တာလို့ သူက ဆက်ပြောပါတယ်။
အခုအခါ AA နဲ့ ပူးပေါင်းတပ်တွေဟာ စခန်းကုန်းကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံရှင်းလင်းနေကာ ကပစ(၁၆)အနီးအထိ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။








