နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက်

သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ အစ္စဖာဟန် (Esfahan) မြို့ရှိ ခဲယမ်းမီးကျောက် သိုလှောင်ရုံတစ်ခုကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ထရန့်သည် ၎င်း၏ Truth Social လူမှုကွန်ရက်တွင် စာသား (သို့မဟုတ်) တည်နေရာ ဖော်ပြခြင်းမရှိဘဲ အသံတိတ်ဗီဒီယိုတစ်ခုကို ညတွင်းချင်း တင်ခဲ့ရာ၊ ၎င်းတွင် ပြင်းထန်သော ပေါက်ကွဲမှုများနှင့် မီးခိုးလုံးကြီးများ ထွက်ပေါ်လာသည့် တိုက်ခိုက်မှု မြင်ကွင်းများ ပါဝင် နေသည်။ CNN အနေဖြင့် အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် တည်နေရာကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) က ရရှိတဲ့ နောက်ဆုံးထွက် ထောက်လှမ်းရေး သတင်းတွေအရ ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုတွေဟာ အီရန်စစ်တပ်ရဲ့ စိတ်ဓာတ်ကို ထိခိုက် ပျက်ပြားစေပြီး၊ စစ်ပြေးမှုတွေ အလုံးအရင်းနဲ့ ဖြစ်ပေါ်နေတာ၊ အဓိက ကျွမ်းကျင် ဝန်ထမ်း တွေ ပြတ်လပ်နေတာနဲ့ ခေါင်းဆောင်ပိုင်းတွေကြားထဲမှာ စိတ်ပျက်အားလျော့မှုတွေ ဖြစ်ပေါ် စေတယ်ဆိုတာ ရှင်းလင်းနေပါတယ်” ဟု ဟက်ဆက်သ် က ပင်တဂွန် သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

“မနေ့ညကတင် ကျွန်တော်တို့ဆီမှာ ပြောင်းလဲလှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်မှု (dynamic strikes) ၂၀၀ ကျော် ရှိခဲ့ပါတယ်။ Dynamic strike ဆိုတာက လေယာဉ်မှူး တစ်ဦးဟာ ပျံသန်းနေစဉ်အတွင်းမှာပဲ အချိန်နဲ့တပြေးညီ ရရှိလာတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေပေါ် မူတည်ပြီး—ပစ်လွှတ်စင်အသစ်၊ တည်နေရာအသစ်၊ စစ်ကြောင်းအသစ် စသဖြင့်—ပစ်မှတ်အသစ်ကို ပြောင်းလဲတိုက်ခိုက်တာမျိုး ဖြစ်ပါတယ်” ဟု ဟက်ဆက်သ်က ရှင်းပြသည်။ ၎င်းက ဆက်လက်၍ “သမ္မတ တင်ထားတဲ့ ဗီဒီယိုကတော့ အစ္စဖာဟန်က ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်တွေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။ ဒီလို ဗီဒီယိုမျိုးတွေကို ခင်ဗျားတို့ သိပ်မတွေ့ရတတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အီရန်ဟာ သူ့နိုင်ငံသား ၉၉.၉ ရာခိုင်နှုန်းကို အင်တာနက် ဖြတ်တောက်ထားဆဲမို့လို့ပါပဲ” ဟု ဆိုသည်။

“ဒါပေမဲ့ အီရန်အနေနဲ့ ပညာရှိမယ်ဆိုရင်တော့ သဘောတူညီချက်တစ်ခု ရယူပါလိမ့်မယ်။ သမ္မတ ထရန့်ဟာ အပြောသက်သက် ခြိမ်းခြောက်တတ်သူ မဟုတ်သလို၊ ဘယ်တော့မှလည်း နောက်ဆုတ်မှာ မဟုတ်ဘူး” ဟု ဟက်ဆက်သ် က ထပ်လောင်း ပြောကြားခဲ့သည်။

အီရန်အစိုးရပိုင် မီဒီယာများကမူ အစ္စဖာဟန်မြို့နှင့် မြို့တော်တီဟီရန် (Tehran) တို့တွင် မနေ့ညနှင့် အင်္ဂါနေ့ အစောပိုင်းပိုင်းတို့၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက