မတ်လ (၃၀)ရက်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
မိန့်ခွန်းထဲ စစ်တပ် စိတ်တိုင်းကျ ထွက်ပေါ်လာတဲ့ အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လျှောက်လှမ်းနိုင်ဖို့ ထမ်းဆောင်သွားမှာဖြစ်သလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
နောက်ပြီး မင်းအောင်လှိုင် ချမှတ်ထားတဲ့ “ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” စတဲ့ ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးကာ တိုက်စွမ်းအားနဲ့ တိုက်စွမ်းရည်ရှိတဲ့ စစ်တပ်ဖြစ်အောင် ဆက်လက်ဆောင်ရွက်မယ်ဆိုပြီး ပြောဆိုထားပါတယ်။
ဒါ့အပြင် “ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုတဲ့ မူဝါဒကို လိုက်နာပြီး တပ်နဲ့ပြည်သူ တသားထဲဖြစ်အောင် ဆောင်ရွက်မှာဖြစ်သလို တပ်ထဲနဲ့ တပ်ပြင်စည်းရုံးဖို့ကို အကောင်းအဆုံး အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။
တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ မင်းအောင်လှိုင်က ရဲဝင်းဦးထံ အဆောင်အယောင်ဓါးနဲ့ တပ်ချုပ်ရုံးရဲ့ အလံတို့ကို ပေးအပ်ခဲ့ပြီး တပ်ချုပ်ရဲ့ ဦးစီးကွပ်ကဲမှုတံဆိပ်ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။








