နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် ဗြိတိန်က ဒေါ်လာနှစ်သန်းခွဲ ကူညီထောက်ပံ့

ဗြိတိန်က မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူများအတွက် အမေရိကန်ဒေါ်လာ နှစ်သန်းခွဲ ထောက်ပံ့ကူညီမယ်လို့ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။


မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူ ၁၇၅,၀၀၀ အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ဗြိတိန်က ပေးအပ်သွားမှာ ဖြစ်ပါတယ်။

တတိ ယမြောက် ချားလ်စ်ဘုရင်ကလည်း မိုခါဆိုင်က လုန်းမုန်တိုင်းသင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့ပါတယ်။

“ အခုလိုအကူအညီများစွာလိုအပ်နေတဲ့အချိန်မှာ ကြောက်မက်ဖွယ် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသူတွေအားလုံးအတွက် သတိရဆုတောင်းပေးနေပါတယ်။ ဒီ အဖြစ်ဆိုးမှာ မိမိတို့ရဲ့ ချစ်ခင်ရသူတွေ ဆုံးရှုံးခဲ့ရတဲ့အတွက်လည်း နက်ရှိုင်းစွာဝမ်းနည်းကြေကွဲရပါတယ်” လို့ ဗြိတိန်ဘုရင်က ထုတ်ပြန်ထားတာပါ။

ဗြိတိန်နိုင်ငံက ရန်ပုံငွေအသစ်အဖြစ် အမေရိကန်ဒေါ်လာ နှစ်သန်းခွဲကို အကူအညီ အများဆုံးလိုအပ်နေသူများအတွက် ရေသန့်နဲ့ အမိုးအကာများအတွက် ထောက်ပံ့ပေးမည်ဖြစ်ပြီး နောက်ဆက်တွဲ ရောဂါအန္တရာယ်များ လျော့ပါးစေရန် ကူညီပေးမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီရန်ပုံငွေကို မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ မြေပြင်မှ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံသို့ တိုက်ရိုက် ပေးအပ်သွားမှာဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများ လိုအပ်နေတဲ့ အသက်ကယ်ထောက်ပံ့မှုကို အမြန်ဆုံးလုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း မိုခါဆိုင်ကလုန်းမုန်တိုင်း တုံ့ပြန်ရေးအဖြစ် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အပူတပြင်း လိုအပ်လျက်ရှိနေတဲ့ နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နဲ့ တကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပစ္စည်းများအတွက် USAID ကတဆင့် ကနဦး အမေရိကန်ဒေါ်လာ နှစ်သိန်းကို ပေးအပ်လှူဒါန်းသွားမယ်လို့ ကြေညာထားပါတယ်။

Era’Eyes (ရခိုင်ပြည်နယ် စစ်​တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေကို ​မေလ ၁၄ ရက်က မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး​နောက် အပျက်အစီး​တွေကို​ တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကရင်နီမှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်းဖို့ တော်လှန်ရေးအင်အားစုတွေကို လူထု တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ကရင်နီပြည်မှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်း‌တည်ဆောက်ဖို့ လူထုတွေ့ဆုံပွဲကနေ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ လွိုင်နန်းဖမြို့နယ်ရှိ ပြည်သူတွေက လူထုတွေ့ဆုံပွဲတခုပြုလုပ်ပြီး
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ နစ်နာသူတွေ တရားမျှတမှုရရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့ တောင်းဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့က မနေ့ကရက်စွဲနဲ့ တိုက်တွန်းတောင်းဆိုတာတွေ
မြန်မာသတင်း

တောင်ခေါင်းလောင်းရွာမှာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ပုလောမြို့ တောင်ခေါင်းလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNLA တပ်မဂာ-၄ အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းဟာ စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား (၂၇)ဦးရှိပြီး နံနက်
မြန်မာသတင်း

နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေ ပူးပေါင်းကြဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေအပါအဝင် တိုင်ရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ချင်းပြည်နယ်ရဲ့ နေရာဒေသအချို့အပါအဝင် နိုင်ငံထဲ ‌ဆူပူအကြမ်းဖက်တာတွေ၊ တရားဥပဒေ ဖောက်ဖျက်ကျူးလွန်တာတွေက
မြန်မာသတင်း

ဒေါ်ကြည်ပြာအမှု ကျေလည်တာမရမချင်း တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းတွေ ရပ်ဆိုင်းတယ်လို့ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ချက်ဟာ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တဲ့၊ ယုံကြည်အားကိုးရတဲ့ အစိုးရတရပ်အပေါ် စိတ်ပျက်စေတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတရားမှုရှိခဲ့တယ်လို့ တိုင်တန်းချက်ကို သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့
မြန်မာသတင်း

BNRA ကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားတာလို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ BNRA အဖွဲ့က ပြစ်မှုရှိသူတွေကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားရှင်းလင်းဖို့ ဆောင်ရွက်ခဲ့ရတာလို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုလဲနယ်နဲ့ ဆက်စပ်နေရာတွေမှာ BNRA ကို ဦးဆောင်တဲ့
မြန်မာသတင်း

BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်တွေ လာအပ်ကြဖို့ ယင်းမာပင်ခရိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ ယင်းမာပင်ခရိုင်ရှိ BNRA အဖွဲ့က ထု‌တ်ပေးထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေ လက်နက်တွေ လာအပ်နှံဖို့ ခရိုင်ပကဖက ဒီကနေ့မှာ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ အဲ့ဒီလက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေအနေနဲ့ နေထိုင်ရာ ခရိုင်/မြို့နယ်
မြန်မာသတင်း

ဗိုလ်နဂါး အလင်းဝင်ပြီးနောက် ပုလဲနယ်ထဲ စစ်တပ်က ဆက်တိုက်ဗုံးပတ်ကြဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ အခုရက်ပိုင်းမှာ ပုလဲနယ်ထဲကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီ (၂)ရက်ထဲကို နမခကနေ ပုလဲနယ်ထဲ ဗုံးကြဲတာ (၄)ကြိမ်လောက်ရှိတယ်။ စက်တပ်လေထီးတွေကော၊ Gyrocopter