နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာသိမ်းပြီး နောက် မြန်မာစစ်တပ်က လက်နက် ဒေါ်လာ ၁ ဘီလီယံကျော် တင်သွင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချပြီးနောက် မြန်မာစစ်အစိုးရက နိုင်ငံတကာ လက်နက်ရောင်းချသူများထံမှ ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ လက်နက်နှင့် ကုန်ကြမ်းများကို ဝယ်ယူခဲ့ကြောင်း ကုလသမဂ္ဂနှင့် ချိတ်ဆက်ထားသော အဖွဲ့အစည်းတစ်ခုမှ ၁၀ လကြာ စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိခဲ့သည်။

ရုရှား၊ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယနှင့် ထိုင်းတို့သည် စစ်တပ်ကို ထိပ်တန်း လက်နက်ပစ္စည်း ထောက်ပံ့သူများ ဖြစ်ကြကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews) ဦးဆောင်သော စုံစမ်းစစ်ဆေးမှုအရ သိရသည်။


စစ်တပ်ကို ခုခံတိုက်ခိုက်နေသည့် တော်လှန်ရေးသမားများအပေါ် စာနာထောက်ခံသည်ဟု ယူဆသော ရွာများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ တိုးမြင့်လာသောကြောင့် ၎င်း၏အုပ်ချုပ်မှုကို ဆန့်ကျင်သူများကို စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းနေမှုကို အလေးပေးဖော်ပြခဲ့သည်။

စစ်လက်နက်ပစ္စည်းများဝယ်ယူမှုများကို အသေးစိတ် ခြေရာခံခြင်းများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ ဦးဆောင်သော စစ်အသုံးစရိတ် သိသိသာသာ တိုးလာမှုက မီးမောင်းထိုးပြနေသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ်တာအတွက် စစ်အသုံးစရိတ် ကျပ် ၅.၆ ထရီလီယံ (ဒေါ်လာ ၂.၇ ဘီလီယံ) ကျော်ကို ဧပြီလက အတည်ပြုခဲ့ပြီး ယခင် ကျပ်ငွေ ၃.၇ ထရီလီယံထက် တိုးမြှင့်လာခဲ့သည်။

တိုးမြှင့်မှုသည် တရားဝင် ကာကွယ်ရေးအသုံးစရိတ် အလုံးစုံ ဘတ်ဂျက်၏ ၂၈ ရာခိုင်နှုန်းခန့်သို့ ရောက်ရှိလာခဲ့သည်။ သို့သော် ၎င်းအပြင် စစ်ဘက်သုံးနည်းပညာများ၊ လောင်စာဆီနှင့် အခြားအသုံးစရိတ်များ အပါအဝင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများနှင့် ပတ်သက်သည့် အလွတ်သဘော “ အနက်ရောင်” အသုံးစရိတ်များလည်း ရှိနေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

ဘီလီယံဒေါ်လာ သေမင်းကုန်သွယ်မှု၊ မြန်မာနိုင်ငံလူ့ အခွင့်အရေး ချိုးဖောက်မှု ဆက်ဖြစ်နေမှုနှင့် နိုင်ငံတကာ လက်နက်ကွန်ရက် (“ The Billion Dollar Death Trade: The International Arms Networks in Myanmar Human Rights Violations Enable” ) အစီရင်ခံစာသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ဘက်သို့ လက်နက်လွှဲပြောင်းခြင်းဆိုင်ရာ အသေးစိတ်လေ့လာမှုဖြစ်ကြောင်း အင်ဒရူးက ပြောကြားခဲ့သည်။

ရန်ကုန်အခြေစိုက် အနောက်နိုင်ငံ သံတမန်တစ်ဦးမှ ပြောကြားရာတွင် ၎င်းသည် နိုင်ငံတွင်းသို့ စစ်ဖက်ဆိုင်ရာပစ္စည်းများ စီးဆင်းမှုနှင့် ဆက်စပ်နေသော ကုမ္ပဏီများကို ခြေရာခံရာတွင် ယင်းတို့၏ လုပ်ကွက်သစ်ကို ထိုဖောက်ဝင်ရောက်စုံစမ်းပြီး ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားကဲ့သို့သော အစိုးရအချို့အတွက် လိုအပ်သည်အခြေခံသတင်း အချက်များ ပံ့ပိုးပေးနိုင်သည်ဟု ဆိုသည်။ ယင်းကဲ့သို့ ကုန်သွယ်မှုထဲတွင် ထိုနိုင်ငံများမှ ကုမ္ပဏီများလည်း စာရင်းတွင် ပါဝင်နေသည့်အတွက် တားဆီးအရေးယူရန် အစီရင်ခံစာတွင် ရေးပေးထားသည်။

ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာတွင် အဆိုပါ စစ်ဘက်ဆိုင်ရာ လွှဲပြောင်းမှုများ၊ လွှဲပြောင်းတန်ဖိုးများနှင့် တရားစီရင်ပိုင်ခွင့်များတွင် ပါဝင်သော အဓိက ကွန်ရက်များနှင့် ကုမ္ပဏီများကို ကွန်ရက်များ အထူးသဖြင့် ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှဖြစ်သည်ကို ဖော်ထုတ်ခဲ့သည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မြန်မာ့တပ်မတော်သို့ အဆင့်မြင့်လက်နက်စနစ်များ အဓိက ပံ့ပိုးသူများအဖြစ် ဆက်လက် တည်ရှိနေပြီး ၂၀၂၁ ခုနှစ်မှစတင်ကာ အဆိုပါ တင်သွင်းမှုတန်ဖိုးမှာ ရုရှားမှ အမေရိကန်ဒေါ်လာ ၄၀၆ သန်းနှင့် တရုတ်မှ ဒေါ်လာ ၂၆၇ သန်းခန့် ရောင်းချခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ရုရှားနိုင်ငံမှ ပေးအပ်သည့် လက်နက်များတွင် တိုက်လေယာဉ်များ၊ အဆင့်မြင့် ဒုံးကျည်စနစ်များနှင့် တိုက်ခိုက်ရေး ဒရုန်းများ ပါဝင်ပြီး တရုတ်က အဆင့်မြင့် လေ့ကျင့်ရေး ဂျက်လေယာဉ်များ၊ အပေါ့စား တိုက်ခိုက်ရေး လေယာဉ်များနှင့် ကုန်ကြမ်းပစ္စည်းများ အပါအဝင် အခြားပစ္စည်းများကို ပေးအပ်ခဲ့သည်။ ထိုကုန်သွယ်မှုအများစုသည် အစိုးရပိုင်အဖွဲ့အစည်းများမှ ဆင်းသက်လာခြင်း ဖြစ်သည်။

စင်္ကာပူနိုင်ငံသို့ အဝင်အထွက်လုပ်ပြီး လည်ပတ်နေသော လက်နက်ရောင်းဝယ်သူများသည် ကပစ ခေါ် မြန်မာစစ်တပ်၏ လက်နက်စက်ရုံများ ဆက်လက် လည်ပတ်နိုင်ဖို့အတွက် အရေးကြီးကြောင်း အင်ဒရူးက ပြောကြားခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စင်ကာပူနိုင်ငံရှိ ဒါဇင်များစွာသောဌာနများမှ မြန်မာ့တပ်မတော်သို့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ဒေါ်လာ ၂၅၄ သန်း တင်ပို့ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

မကြာသေးမီက ထိုင်းနိုင်ငံမှ ရောင်းချမှု တိုးလာခြင်းကြောင့် ထိုင်းနိုင်ငံသည် လက်နက်ကုန်သည်များ ပိုမိုအသုံးပြုလာကာ စင်္ကာပူနိုင်ငံ အတွက် အစားထိုးမှုအဖြစ် အလားအလာ ရှိသောနိုင်ငံဖြစ်လာသည်။ လုပ်ကိုင်ရောင်းဝယ်နိုင်ခွင့် အာဏာတစ်ခုအဖြစ် စင်ကာပူရှိ ဘဏ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

အိန္ဒိယသည် ကမ်းရိုးတန်းစောင့်ကြည့်ရေးစနစ်၊ အဝေးထိန်းလက်နက်စနစ်နှင့် ခဲယမ်းမီးကျောက်များနှင့် ဒုံးကျည်ထုတ်လုပ်သည့် အစိတ်အပိုင်းများ အပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစပြီး မြန်မာနိုင်ငံသို့ စစ်ဘက်ဆိုင်ရာ ပို့ကုန်ဒေါ်လာ ၅၁ သန်းခန့် တင်ပို့နိုင်ခဲ့သည်။ အလားတူကာလတွင် ထိုင်းနိုင်ငံသည် ဒေါ်လာ ၂၈ သန်းဖိုး ရောင်းချခဲ့ရသည်။

အစီရင်ခံစာပါ နိုင်ငံအချို့သည် စုံစမ်းစစ်ဆေးမှုများကို တုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်း အင်ဒရူး မှ ပြောကြားခဲ့သည်။ စင်ကာပူအစိုးရသည် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ၎င်း၏ ပို့ကုန်ထိန်းချုပ်မှု၏ ထိရောက်မှုကို အဆက်မပြတ် ပြန်လည်သုံးသပ်ပြီး ၎င်း၏ရုံးမှ ပေးအပ်သည့် အချက်အလက်များကို ထည့်သွင်းစဉ်းစားမည်ဟု ပြောကြားခဲ့သည်။

အင်ဒရူးက မြန်မာစစ်တပ်ထံ လက်နက်များ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းအား လုံးဝပိတ်ပင်ရန် တောင်းဆိုခဲ့ပြီး လက်ရှိလက်နက်များကို ကျင့်သုံးရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။ စစ်အစိုးရ၏ အဓိက ဝင်ငွေရင်းမြစ်များကို ပစ်မှတ်ထားကာ၊ ရှိပြီးသား တားမြစ်အရေးယူမှုများကို အပြည့်အဝ လိုက်နာဆောင်ရွက်ခြင်း၊ ဝယ်ယူရေး ကွန်ရက်များပေါ်တွင် ကျယ်ကျယ် ပြန့်ပြန့် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့် ပြဋ္ဌာန်းခြင်းများ အပါအဝင် လက်နက်စီးဆင်းမှုကို ရပ်တန့်ရန် အဆိုပါနိုင်ငံများက ပိုမိုလုပ်ဆောင်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံကျူးကျော်မှုတွင် ဂျပန်၊ နယူးဇီလန်နဲ့ တောင်ကိုရီးယားတို့က ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူမှုများ ချမှတ် ထားသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်နေသည့် မြန်မာနိုင်ငံအပေါ်မှာတော့ အရေးယူဆောင်ရွက်မှု မရှိဘူးဟု သူက မီးမောင်းထိုးပြခဲ့ပါသည်။

“ ယူကရိန်းအကျပ်အတည်းကို တုံ့ပြန်ခဲ့သလို မြန်မာစစ်တပ်နဲ့ သူ့ရဲ့ အဓိက ဝင်ငွေရင်းမြစ်တွေအပေါ် ပစ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို တခြား G-7 နိုင်ငံတွေ အားလုံးပါဝင်ဖို့ စဉ်းစားဖို့ ဂျပန်ကို တိုက်တွန်းချင်ပါတယ်” ဟု Nikkei Asia သို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ အချက်အလက်များအရ လူပေါင်း ၂ သန်းနီးပါး ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း ဘက်ပေါင်းစုံက ခန့်မှန်းခြေ ၃ သောင်းခန့် သေဆုံးခဲ့ရသည်ဟု လွတ်လပ်သည့်စောင့်ကြည့်ရေးအဖွဲ့များက ပြောပါသည်။

Source: Nikkei

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ စစ်ကိုင်းမှာNUGဘာကြောင့်စစ်မတိုက်တာလဲ?

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 3 Views
မတိုက်ချင်တာလား- မတိုက်ရဲတာလား? ဒီအပတ်ခေတ်မျက်လုံးရဲ့ပြောကြားမဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇)မှာ စစ်ကိုင်းမှာNUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား?ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်.။
မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 23 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့
မြန်မာသတင်း

အရှေ့အလယ်ပိုင်းဒေသ တိုက်ခိုက်တာတွေကို စိုးရိမ်တယ်ဆိုပြီး စစ်ကော််ရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 21 Views
မတ်လ (၇)ရက်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်တာတွေအတွက် အလွန် စိုးရိမ်ပူပန်တယ်‌ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်ကို အခြေခံပြီး အပြုသဘောဆောင်တဲ့
မြန်မာသတင်း

ကနီမှာ ရှင်ပြုအလှုပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 21 Views
မတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ကနီမြို နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နမခဘက်ကနေ အသေခံဒရုန်း (၃)စီးနဲ့ ချင်းတွင်းမြစ်ရိုးက ရွာတွေကို
မြန်မာသတင်း

SRA အဖွဲဝင်တွေ ဖမ်းဆီးခံထားရတဲ့အပေါ် MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိင်းနေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 26 Views
မတ်လ (၇)ရက်။ SRA အဖွဲဝင်အချို ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိင်းနေတယ်လို BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကျနော်တို SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့
မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 42 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာနားကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 36 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မတ်လ (၄)ရက်နေ့ ည (၉)နာရီ (၂)မိနစ်နဲ့ (၂၈)မိနစ်တိုမှာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 43 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့