နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

မူးမြို့နယ်အတွင်းမှာ စစ်တပ်က ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်၊အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းမှာ စစ်တပ်က ကျေးရွာများ အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့သိရပါတယ်။


ဒါ့အပြင် ပြည်သူ ၁၄၀၀၀ နီးပါးကလည်း စစ်တပ်ရဲ့ရမ်းသမ်း ပစ်ခတ်မှု တွေကြောင့် အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မေ ၁၈ ရက် မနက် ၈ နာရီမှာ စစ်တပ်ရဲ့ ခမရ-၅၉၉၊ ခမရ-၅၉၀၊ တပ်မ-၄၄ နဲ့ ခလရ-၄၈ တပ်ပေါင်းစုက မူးမြို့နယ်အတွင်းက စဝေ၊ ကျွန်းတောကျေးရွာကို ဝင်ရောက်ဖို့ အတွက် လက်နက်ကြီး ၂၅ လုံးကို ကျေးရွာထဲသို့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်ညောင်ပင်သာ ကျေးရွာအတွင်းကိုလည်း လက်နက်ကြီး ၅ လုံး ထပ်မံ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာမှာနေထိုင်တဲ့ ပြည်သူတွေက ကြောက်လန့်ပြီး ထွက်ပြေးစဥ်မှာ အသက် ၁၄ နှစ်အရွယ် မောင်မင်းရဲဆက်ကို လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ရတာပါ။

ဒါ့အပြင် အသက် ၄၇ နှစ် အရွယ်ရှိ အမျိုးသမီးတဦးနဲ့ အသက် ၁၈ နှစ် လူငယ်တဦး တို့ကိုလည်း လက်နက်ကြီး ထိမှန်ပြီး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ပြည်သူတွေနေတဲ့ ကျေးရွာတွေကို ရည်ရွယ်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေမှုကြောင့် မူးမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ စဝေ၊ နှောင်ကုန်း၊ တောင်စု၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်း၊ တပ်ကုန်းနဲ့ ညောင်ပင်သာ အစရှိတဲ့ ကျေးရွာ (၉) ရွာက ပြည်သူ ၁၃၉၉၁ ဦး အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန် ထားတာဖြစ်ပါတယ်။
Era’sEyes/Photo /KNU

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၃)ဦးသေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 27 Views
မတ်လ (၃)ရက်။ မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့
မြန်မာသတင်း

စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်ဖို့ စစ်ကော်မရှင်ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 25 Views
မတ်လ (၃)ရက်။ စက်သုံးဆီချွေတာဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်အသုံးပြုဖို့ စစ်ကော်မရှင်က ဒီကနေ့ ညပိုင်းမှာ ကြေညာထားတယ်လို့ သိရပါတယ်။ အခု
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ နောက်ဆုံးရရှိထားသော အချက်အလက်များအရ အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ (Operation Epic Fury) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 18 Views
နိုင်ငံခြားသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ (၃)ရက် လက်ရှိ စစ်ရေးအခြေအနေနှင့် အဓိကဖြစ်ရပ်များ အဓိကတိုက်ခိုက်မှု စတင်ခြင်း (ဖေဖော်ဝါရီ ၂၈ရက်) အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများ၊ ဒုံးကျည်စခန်းများနှင့် အစိုးရခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထားကာ လေကြောင်းမှ
မြန်မာသတင်း

ဖောင်းပြင်မြို့မှာ စစ်ကော်မရှင်စခန်းက တပ်ကြပ်တဦး မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းထံ အလင်းဝင်

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 19 Views
မတ်လ (၃)ရက်။ ဖောင်းပြင်မြို့ အင်းဝိုင်းလမ်းဆုံရှိ စစ်ကော်မရှင်စခန်းက တပ်ကြပ်အဆင့်ရှိသူတဦး အလင်းဝင်လာခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၈ရက်နေ့က ခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ရှေ့တန်းစခန်းနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ အင်းဝိုင်းလမ်းဆုံက စကမစခန်းက တပ်ကြပ်အဆင့်တဦး
မြန်မာသတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 22 Views
‌မတ်လ (၃)ရက်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲသပ်လျှိုဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေတယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလို စစ်ကောင်စီတပ်ဟာ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးချပြီး သတင်းတု၊
မြန်မာသတင်း

အကျဉ်းသား/သူ (၂၉)ဦးကို KNU လွတ်ငြိမ်းခွင့်ပြုခဲ့

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 28 Views
‌မတ်လ (၂)ရက်။ ခလယ်လွီထူခရိုင်ထောင်က အကျဉ်းသူ (၅)ဦးနဲ့ အကျဉ်းသား (၂၄)ဦးကို KNU က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခလယ်လွီထူခရိုင် ထောင်က KNU ဥက္ကဋ္ဌရဲ့ အမိန့်နဲ့ ကော်သူးလေ
မြန်မာသတင်း

ြည်သူယုံကြည်မှု ပျက်ယွင်းရင် တော်လှန်ရေးဆက်လုပ်လို မလွယ်ဘူးလို NUG ယာယီသမ္မတပြော

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 28 Views
မတ်လ (၂)ရက်။ ပြည်သူယုံကြည်မှု ပျက်ယွင်းရင် တေယ်လှန်ရေးဆက်လုပ်လို မလွယ်ကူနိုင်ဘူးလို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ ကျွန်တော်တိုအနေနဲ့ လူထုယုံကြည်မှု/ပြည်သူ့ယုံကြည်မှုဟာ အသက်ဖြစ်ပါတယ်။ ပြည်သူ့ယုံကြည်မှု ပျက်ယွင်းသွားရင်၊
မြန်မာသတင်း

အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ခံရတဲ့ အကျဉ်းသား/သူ (၇၀၀၀)ကျော်ကို စစ်ကော်မရှင် ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 28 Views
မတ်လ (၁)ရက်။ အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၇၃၃၇)ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းအမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က လွတ်ငြိမ်းမိန့်နဲ့ ပြန်လွှတ်ပေးတဲ့သူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ၅၂(က)တိုနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့