နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုခါ မုန်တိုင်းကြောင့် အထိခိုက်အပျက်စီးများခဲ့သည့် မတူပီတွင် အမိုးအကာများ အရေးပေါ် လိုအပ်နေ

မိုခါမုန်တိုင်းကြောင့် မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထိန်းချုပ်နယ်မြေအတွင်း ထိခိုက်ပျက်စီးမှု များပြားခဲ့ရတယ်လို့ သိရပါတယ်။


လက်ရှိမှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရတဲ့အထဲမှာအမိုးအကာတွေဟာ အရေးပေါ် လိုအပ်လျက် ရှိ​တေယ်လို့ မတူပီ CDF က ဆိုပါတယ်။

မေလ (၁၄) ရက်က မုန်တိုင်းတိုက်ခိုက်ခဲ့လို့ မတူပီ CDF ထိန်းချုပ်နယ်မြေရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ် ၂၃၀နီးပါး ပျက်စီးခဲ့ရတာဖြစ်ပြီး အခုအခါမှာ ဆက်သွယ်ရေး အခက်အခဲကြောင့် ထိခိုက်ပျက်စီးမှု ပိုတိုးလာနိုင်တယ်လို့ CDF က ပြောပါတယ်။

အမိုးအကာများ အချိန်မီ မရပါက မိုးတွင်းကာလမှာ အခက်အခဲများစွာ ကြုံတွေ့ရမှာပါ။ပျက်စီးသွားတဲ့ လူနေအိမ်များ၊ ဘာသာရေးအဆောက်အုံများ၊ စာသင်ကျောင်းများ ပြန်လည်ပြုပြင်နိုင်ရန်နဲ့ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အမိုးအကာပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများအပါအဝင် အခြားအရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း မတူပီ CDF က ထုတ်ပြန်ထားပါတယ်။


နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO/INGO) နဲ့ လူမှုအခြေပြုအဖွဲ့အစည်းများအနေနဲ့ အကူအညီပေးကြရန်လည်း မတူပီ CDF က မေတ္တာရပ်ခံထားပါတယ်။

ချင်းပြည်နယ်မင်းတပ်မှာလည်း စပါးကျီ ၁၅၀ အပါအဝင် လူနေအိမ် အဆောက်အအုံများစွာ ပျက်စီးခဲ့ရလို့ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Era’sEyes (မေလ ၁၄ရက်က တိုက်ခတ်သောမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း နေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – မတူပီ CDF)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 16 Views
မေလ (၁)ရက်။ ဧပြီလ (၂၄)ရက်နေ့က လယ်ဒိုမြို့ရှိ လယ်မူသောရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူပြော

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 26 Views
မေလ (၁)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ သူမကို
မြန်မာသတင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီ ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁ရက် ရိုက်တာသတင်းဌာန —ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသည် စစ်တပ်က သူမဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုဗယ်လ်ဆုရှင်အား ထောင်သွင်း
မြန်မာသတင်း

ရေးမြိုမှာ DKBA ခေါင်းဆောင်တဦးကို ရေးဘီလူးတပ်ရင်း ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 31 Views
ဧပြီလ (၃၀)ရက်။ ရေးမြိုနယ်မှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီဆိုသူကို ပစ်ခတ်ခဲ့တယ်လို ရေးဘီလူးတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြိုမှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီကို နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာ။
မြန်မာသတင်း

ကဆုန်လပြည့်ဗုဒ္ဓနေ့ အကျဉ်းသား (၁၅၀၀)ကျော်ကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၁၅၀၈)ဦးကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်က ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အပါအဝင် လူသားစာနာမှုနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်စေဖို့ဆိုပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၁၅၀၈)ဦးကို လွတ်ငြိမ်းခွင့်ပေးတာလို့
မြန်မာသတင်း

ပုလဲနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 26 Views
ဧပြီလ (၃၀)ရက်။ ဖေဖော်ဝါရီလ (၂၂ရက်နေ့ကစပြီး ပုလဲနယ် ချင်ပစ်-မုံသွင်ဘက်မှာ အင်အား (၄၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား (၁)လကျော်ကြာ
မြန်မာသတင်း

မြိုင်မြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 32 Views
ဧပြီလ (၂၉)ရက်။ ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော်(MGY) အညာမြေတပ်ပေါင်းစုနဲ့ မြိုင်(ပ.က.ဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲဟာ (၁)နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဲ့ဒီဂိတ်နေရာမှာ
မြန်မာသတင်း

“ The Low-Class Intellectuals”

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 29 Views
By U Tin Nyunt (April 16, 2026) Note: The Author was arrested after he published the article and his whereabout