မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ရှိ မန်ကျည်းစုကျေးရွာကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
အဲဒီလိုမီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ နှစ်ဦး မီးလောင်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
မေ ၂၄ ရက် မနက် ၁နာရီခန့်က မန်ကျည်းစုရွာကိုမီးရှို့ခဲ့တာဖြစ်ပြီး နောက်ထပ်ပြည်သူ တစ်ဦးကိုအချိန်မီ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မန္တလေးတိုင်းမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၃ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကောင်စီ ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၃၈၆လုံး ပျက်စီးဆုံးရှုံးထားတယ်လို့ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Era’sEyes/(၂၀၂၁ မေလက မြင်းခြံမြို့နယ်၊တလုပ်ဒေသတွင် စစ်ကောင်စီတပ် ဝင်ရာက်အကြမ်းဖက်နေ၍ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့စဥ်။ ဓာတ်ပုံ – CJ)