နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတရားဖမ်းဆီးခံနေရသည့် CDM ဗိုလ်ကြီးဆိုင်ဂုံအား ဖမ်းဆီးညှင်းပမ်းနှိပ်စက် သက်သေထွက်ဆိုခိုင်းခြင်းနှင့် ဆက်စပ်၍ ကြေညာချက်ထုတ်ပြန်။

၂၀၂၃ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် မတရားဖမ်းဆီးခံနေရသည့် လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့မှ ဗိုလ်ကြီးဆိုင်ဂုံအား ဖမ်းဆီးညှင်းပမ်းနှိပ်စက် သက်သေထွက်ဆိုခိုင်းခြင်းနှင့် ဆက်စပ်၍ WOLF အဖွဲ့မှ ကြေညာချက်ထုတ်ပြန်လိုက်သည်။

၂၀၂၃ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် မဲဆောက်နှင့် တတိယနိုင်ငံများ၌ အခြေစိုက်သည့် ၈၈ မျိုးဆက် ဦးမောင်မောင်ဝမ်း ဦးဆောင်သည့် ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB) အဖွဲ့မှ အဖွဲ့ဝင်များနှင့် W.O.L.F တပ်ဖွဲ့ဝင်များ အွန်လိုင်းမှ တစ်ဆင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြသည်ဟု သိရှိရပါသည်။

ဆွေးနွေးပွဲတွင် ပထမဆုံးအနေဖြင့်ဦးမောင်မောင်ဝမ်း ဦးဆောင်သည့် PMSAB အဖွဲ့ဝင်များမှ ၎င်းတိုသည် စစ်တပ်တစ်တပ်ကို ထူထောင်ကွပ်ကဲနေသူများ ဖြစ်ကြောင်း မိတ်ဆက်ခဲ့ပါသည်။

” PMSAB” အနေနဲ့ဖြင့် ငွေကြေးထောက်ပံ့ခဲ့သည့်အတွက် ဗဟိုစစ်ကော်မရှင်အဖြစ် ခံယူထားကြောင်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို မြေပြင်ရဲဘော်များမှ လိုက်နာရမည် ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်းလည်း သိရှိရပါသည်။

၎င်းတို့၏ တပ်ရင်းမှုး ဗိုလ်ကြီးဆိုင်ဂုံအား စစ်ဆေးမေးမြန်းခဲ့ရာ ထိုသို့စစ်ဆေးမေးမြန်းချိန်တွင် ၎င်းအား ဖိအားပေးပြောဆိုခိုင်းသည်ဟု ယူဆရသည့် မသင်္ကာဖွယ်ရာ အချက်များတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ခေတ်မျက်လုံးမှ WOLF အဖွဲ့၏ ရဲဘော်စာကလေးအား တယ်လီဖုန်းနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပြဿနာ ဖြစ်ရသည့် အဓိကအကြောင်းရင်းမှာ ဗိုလ်ကြီးဆိုင်ဂုံက ၎င်း၏အဖွဲ့ကို NUG ၏ MOD သို့ တပ်ရင်းတပ်ဖွဲ့ စာရင်းသွင်း ဝင်ရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောပြခဲ့ပါသည်။

ခေတ်မျက်လုံးသတင်းဌာနအနေနှင့် နောက်ဆုံးအခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 29 Views
ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန် မေလ (၃၀)ရက်။
မြန်မာသတင်း

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 23 Views
မေလ (၃၀)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 22 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ သင်တောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတပ်နဲ့ ပျူစောထီးတွေက ရွာပတ်ပတ်လည်နဲ့
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်က အပစ်ရပ်ထားတဲ့အပေါ် လိုက်နာကြဖို့ဆိုပြီး တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 20 Views
မေလ (၃၀)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်ရပ်ထားတဲ့အပေါ် လိုက်နာဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်အတွက် အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် ပြန်လည်ထူထောင်ရးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ စစ်တပ်က ဧပြီလ (၂)ရက်နေ့ကစပြီး
India မြန်မာသတင်း

အိန္ဒိယမှာ အထောက်အထားမရှိဘဲ ခရီးမသွားဖို့နဲ့ UN-Card အမြဲဆောင်ဖို့ သတိပေးတာတွေရှိ

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 25 Views
မေလ (၂၉)ရက်။ အိန္ဒိယမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ India for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယအကြား ပဋိပက္ခဖြစ်ပြီးနောက် တရားမဝင်နေထိုင်တဲ့
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 26 Views
မေလ (၂၉)ရက်။ မနေ့က ညနေ (၆)နာရီအချိန် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော့ကရိတ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ကနဲလေးတပ်စခန်းကို မနေ့က
မြန်မာသတင်း

မိုးကုတ်မှာ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 15 Views
မေလ (၂၉)ရက်။ မေလ (၂၄)ရက်နေ့ ည (၁၀)နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)စခန်းဟောင်းအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အရင် စစ်ကောင်စီရဲ့
မြန်မာသတင်း

တော်လှန်ရေးကာလထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 20 Views
မေလ (၂၉)ရက်။ နွေဦးတော်လှန်ရေး (၄)နှစ်တာထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့တယ်လို့ NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၀၂၄ တနှစ်ထဲမှာ တိုက်ပွဲထဲကျဆုံး ပကဖ (၂၀၀)ကျော်ရှိသလို၊ ၄