စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ကံသစ်ကျေးရွာကို စစ်တပ်အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းက ဇွန်လ ၄ရက်နေ့က (၄)ကြိမ်မြောက်အဖြစ် နေအိမ်(၆၅)လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇွန်လ ၁ရက်နေ့က စတင်ကာ ခင်ဦးမြို့အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက် မှူရှို့မှုတွေ ပြုလုပ်နေတာပါ။
စစ်တပ်စစ်အာဏာသိမ်းချိန်ကစပြီး ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၇၄)ရွာက နေအိမ်ပေါင်း(၆၀၀၀)ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်ဘက်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တစ်မြို့နယ်လုံး မီးဘေးသင့်ပြည်သူ(၃)သောင်းကျော်အထိရှိလာကာအကူအညီတွေ နေ့စဥ်နဲ့အမျှ လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သိရပါတယ်။