နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေအိမ်တိုက်ခန်းငှားရမ်းတဲ့ ပိုင်ရှင်တွေကို အထောက်အထားအပြည့်အစုံနဲ့ငှားရမ်းဖို့ စစ်ကောင်စီဖိအားပေး

နေအိမ်တိုက်ခန်းငှားရမ်းနဲ့ ပိုင်ရှင်တွေအနေနဲ့ ငှားရမ်းသူများရဲ့ ကိုယ်ရေးအချက်အလက် အထောက်အထား ပြည့်စုံမှ ငှားရမ်းဖို့နဲ့ ဧည့်စာရင်းတိုင်ကြားဖို့ စစ်ကောင်စီက ဇွန်လ ၁၂ရက်နေ့မှာ ထပ်မံထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

CRPH၊ NUG နဲ့ PDF တို့ကို ငှားရမ်းနေထိုင်ခွင့်ပြုပေးသူ နေအိမ်တိုက်ခန်းပိုင်ရှင်များနဲ့စပ်လျဉ်းပြီး သိရှိလိုက်နာရန်ဟုဆိုကာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထပ်မံအသိပေးထုတ်ပြန်လာတာပါ။

ထိုသို့အသိပေးထုတ်ပြန်ထားသော်လည်း နေအိမ်တိုက်ခန်းပိုင်ရှင်အချို့သည် မသိကျိုးကျွန်ပြုကာ ဆက်လက်ငှားရမ်းပေးနေတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

“ပိုဆိုးတာက မြို့ပြ UG တွေ Safe House တွေ ရှာရ ပိုခက်ခဲလာတာပါပဲ။ တလောက အဖွဲ့တစ်ခုက လူငယ်တစ်ယောက်ပါသွားတယ်။ ပါသွားတဲ့သူထက် ကျန်ခဲ့တဲ့ အဖွဲ့၀င်တွေကို ရွှေ့ရပြောင်းရ Safe House ငှားဖို့ ကြိုးစားရဝာာတွေက တကယ့်ကို အရမ်းခက်ခဲတယ်။ အိမ်ရှင်တွေကလဲ အငှားစာချုပ် ချုပ်ပြီဆိုတာနဲ့ လူဘယ်နှစ်ယောက် နေမှာလဲ။ လူငယ်တွေချည်းပဲဆို မထားဘူး။ ယောကျာ်းလေးတွေချည်းပဲဆို မငှားနိုင်ဘူးဆိုတဲ့ အခက်အခဲတွေ အများကြီးကြုံရတာပေါ့”လို့ မြို့ပြတော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ ဖိအားပေးခြိမ်းခြောက်မှုများကြောင့် မြို့ပြတော်လှန်ရေးလှုပ်ရှားသူများအနေနဲ့ စားရေးထက် နေရေးပိုမိုခက်ခဲလာကာ အဖွဲ့အချို့သည် မြို့ပြကို စွန့်လွှတ်မှုများထိ ရှိလာကြတယ်လို့ သိရပါတယ်။
“အခုက ရန်ကုန်မှာ အိမ်တို့ တိုက်ခန်းတို့ အဆောင်ငှားဖို့ကို တော်တော်ခက်နေပြီ၊ လူငယ်တွေချည်းပဲဆိုရင် ပိုင်ရှင်တွေက သိပ်မငှားချင်ကြဘူး၊ ဒါက နယ်ကတက်လာတဲ့သူတွေအတွက် တော်တော်ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်နေပြီ။ စစ်ကောင်စီက မထင်ရင် မထင်သလို ဝင်စစ်တာတွေကြောင့် လုံခြုံမှုမရှိတော့ဘူး”လို့ လှိုင်မြို့နယ်မှာ တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ဆိုပါတယ်။

နေအိမ်တိုက်ခန်းပိုင်ရှင်များအနေနဲ့ စနစ်တကျငှားရမ်းခြင်း၊ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း တွေ့ရှိပါက နေအိမ်တိုက်ခန်း သိမ်းဆည်းခံရမှာဖြစ်ပြီး အားပေးကူညီသူအဖြစ် အရေးယူခံရနိုင်တယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ မြို့နယ်ပကဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
မေလ (၅)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အသည်းတွေကို မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလ(၁)ရက်နေ့ကစပြီး
မြန်မာသတင်း

PDF တည်ထောင်တဲ့ (၅)နှစ်ပြည့် အခမ်းအနားကို CRPH ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
MOD အနေနဲ့ ပြည်သူကို အကာအကွယ်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေ ဆက်လက်ကြိုးစားဖို့ တိုက်တွန်း မေလ (၅)ရက်။ ဒီကနေ့ မေလ (၅)ရက်မှာ ကျရောက်တဲ့ PDF ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်အခမ်းအနားကို CRPH က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့
မြန်မာသတင်း

ပဲခူးတိုင်းစစ်ဌာနနယ်မြေကို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 24 Views
မေလ (၅)ရက်။ ပဲခူးတိုင်းစစ်ဌာနနယ်မြေထဲ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ် လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ်(၂)စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းစစ်ဌာနကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ပြည်ထဲရေးနဲ့ လဝကဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီး
မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 31 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ တောင်သာနယ်ထဲမှာ PDF တွေ ပါလာတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တာ။ ကျဆုံးတာကတော့ ရဲဘော်
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 27 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ ခလရ(၅၀)က ရဲဘော် ကောင်းခန့်(ခ)အာဇာနည်(တ-၅၄၆၇၅၉)ဖြစ်ပြီး ဧပြီလ (၁၉)ရက်နေ့က CDF-KKG ဆီ
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 27 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊