Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်စစ်တပ် ဒုဦးစီးချုပ်စိုးဝင်းရဲ့ တပည့်ဖြစ်တဲ့ ရန်ကုန်လေဆိပ်က လုံခြုံရေးအရာရှိချုပ် ပစ်ခတ်ခံရ

အကြမ်းဖက်စစ်တပ် ဒုဦးစီးချုပ်စိုးဝင်းရဲ့ တပည့်ဖြစ်တဲ့ ရန်ကုန်လေဆိပ်က လုံခြုံရေးအရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Urban Owls ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၁၉ရက်နေ့ ည ၇နာရီဝန်းကျင်က လုံခြုံရေးအရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင်သည် မင်္ဂလာဒုံမြိုနယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာလမ်းသွယ်(၁)၊ အမှတ်(၂၀) နေအိမ်ခြံတံခါးရှေ့အရောက်မှာ သေနတ်ဖြင့် ၉ချက်ခန့် ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

သေနတ်ဖြင့်ပစ်ခတ်ခံရတဲ့ ဗိုလ်မှူးဟောင်း ဦးရဲခိုင်သည် ကျည်ထိဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်များက ဖော်ပြထားပါတယ်။

ဦးရဲခိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၄၂ဆင်း လေတပ်အရာရှိ ဗိုလ်မှူးတစ်ဦးဖြစ်ပြီး စစ်တပ်ရဲ့ စီးပွားရေးထောက်တိုင် Asia World ထွန်းမြင့်နိုင်ရဲ့ လူယုံတစ်ဦးဖြစ်သလို အကြမ်းဖက်စစ်တပ် ဒုဦးစီးချုပ် စိုးဝင်းရဲ့ တပည့်တစ်ဦးလည်းဖြစ်တယ်လို့ Urban Owls က ဆိုပါတယ်။

၎င်းသည် ပြည်သူဘက်ရပ်တည်သော အနုပညာရှင်များအား ဖမ်းဆီးခြင်း၊ မြန်မာပြည်ရဲ့ ထင်ရှားကျော်ကြားသူများကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်း၊ သာမန်ခရီးသွားပြည်သူများအား ငွေညှစ် ဓါးပြတိုက် ခြိမ်းခြောက်ခြင်း၊ စစ်ဆေးစရာရှိသည်ဟုဆိုကာ စစ်ကြောရေးသို့ ပို့ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ရာမှာ ဦးဆောင်ပါဝင်သူဖြစ်တယ်လို့ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖားကန့်မှာ ယမ်းဂိုဒေါင်နေရာ စစ်ကောင်စီ ဒရုန်းနဲ့ လက်နက်ကြီးပစ်ချ၊ ကလေးတွေအပါအဝင် (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 8 Views
ဇွန်လ (၇)ရက်။ မနေ့က ည (၉)နာရီအချိန် ဖားကန့်မြို့ လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်ရှိ ယမ်းဂိုဒေါင်နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးပစ်ချခဲ့တယ်လို့
မြန်မာသတင်း

ဖယ်ခုံမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ်ထဲ စာလုပ်နေတဲ့ ကျောင်းသားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 5 Views
ဇွန်လ (၇)ရက်။ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ မနေ့က
မြန်မာသတင်း

အိုးဘိုထောင်ထဲ ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ နိုင်/ကျဉ်းစာရင်းကို PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 4 Views
ဇွန်လ (၇)ရက်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၄၉)ဦးရဲ့စာရင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲ အဆောက်အအုံပြိုကျကာ သေဆုံးခဲ့သူ စုစုပေါင်း (၇ဝ)ကျော်ရှိခဲ့ပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား၊
နိုင်ငံတကာသတင်း မြန်မာသတင်း

ILO ရဲ့ ဆုံးဖြတ်ချက် နိုင်ငံရေးအရ ဖိအားပေးတာလို့ စစ်ကောင်စီတုံ့ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 5 Views
ဇွန်လ (၇)ရက်။ ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးတာဖြစ်ပြီး စိတ်ပျက်ရတယ်ဆိုကာ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ဟာ သမာသမတ်ကျ မျှတမှုမရှိဘဲ နိုင်ငံရေးဆိုင်ရာ
မြန်မာသတင်း

ဆောမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၃)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 21 Views
ဇွန်လ (၆)ရက်။ မနေ့က နေ့လယ် (၂)နာရီဝန်းကျင်က ဆောမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနေ့က နေ့လယ် (၁)နာရီ (၅၈)မိနစ်လောက်မှာ မိတ္ထီလာရှမ်းတဲလေတပ်ကနေ Mig-29
မြန်မာသတင်း

ILO ညီလာခံကနေ စစ်အုပ်စုကို အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့အောင်ပွဲလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 19 Views
စစ်အုပ်စုကို အရေးယူဖို့ အဆိုတင်သွင်းတဲ့အခါ ရုရှား၊ ဘီလာရုစ်၊ လာအိုနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြ ဇွန်လ (၆)ရက်။ (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ(133th ILC)မှာ ILO က စစ်အုပ်စုကို ILO Constitution, Article
မြန်မာသတင်း

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် သေဆုံးတဲ့ဖြစ်စဉ်မှာ စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့သူတွေထဲ (၆)နှစ်အရွယ် မိန်းကလေးငယ်တဦးပါဝင်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 12 Views
ဇွန်လ (၆)ရက်။ ရန်ကုန်မှာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရကာ သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေဆိုကာ (၁၆)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ကျူးလွန်ခဲ့တယ်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့သူတွေထဲ အသက် (၆)နှစ်အရွယ်
မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ ပေါ်တာဆွဲခံရတဲ့ လူငယ် (၈)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NPDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 27 Views
ဇွန်လ (၅)ရက်။ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတာကို စစ်ကူအနေနဲ့ ရောက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့