နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

Non-CDM ဝန်ထမ်းတစ်ဦး မိန်းမဆီပြန်ရင်း ဖမ်းဆီးခံရမှုကို ကာယကံရှင်ရဲ့တာဝန်လို့ စစ်ကောင်စီဝန်ကြီးပြော


ကန့်ဘလူမြို့နယ်က Non-CDM ဝန်ထမ်းတစ်ဦး ရုံးပိတ်ရက်မှာ မိန်းမဆီပြန်ရင်း ဖမ်းဆီးခံရမှုဖြစ်စဉ်အား ကာယကံရှင်ရဲ့တာဝန်သာဖြစ်တယ်ဆိုပြီး စစ်ကောင်စီရဲ့ စိုက်/မွေး/ဆည်ဝန်ကြီးက ပြန်လည်ပြောဆိုလိုက်ပါတယ်။

ကန့်ဘလူမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်း ၄ ဦးကျော်မျိုးထွေးသည် ဇွန်လ ၂ရက်နေ့က ရုံးတက်ပြီးနောက် ညနေပိုင်းရုံးဆင်းချိန်မှာ ၎င်းမိသာစုနေထိုင်ရာ ချပ်သင်းကျေးရွာသို့ ပြန်သွားရာ ညပိုင်းအချိန်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ထိုသို့ဖမ်းဆီးခံရမှုအား ဌာနက တင်ပြလာတဲ့အပေါ် ပြည်ထောင်စုဝန်ကြီးက “ကိုယ်ချင်းစာပါသည်”၊ “မိမိကိုယ် မိမိ သတိဖြင့်မနေဘဲ သောကြာနေ့ မိန်းမထံ ပြန်ခြင်းဖြစ်၍ ကာယကံရှင်ရဲ့ တာဝန်သာဖြစ်”၊ “အကြိမ်ကြိမ် သတိပေးမှာကြားပြီး”ဖြစ်တယ်ဆိုပြီး ပြန်လည်ပြောဆိုခဲ့ပါတယ်။

ထိုဖြစ်စဉ်နဲ့စပ်လျဉ်းပြီး ဦးစီးဌာန/တက္ကသိုလ်များအနေနဲ့ သိရှိလိုက်နာဆောင်ရွက်ရန်နဲ့ ဝန်ထမ်းများအား လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်သွားလာကာ တာဝန်များထမ်းဆောင်ဖို့ ဇွန်လ ၁၉ရက်နေ့ရက်စွဲဖြင့် အကြောင်းကြားထားပါတယ်။

သာရေး/နာရေးကိစ္စရှိပါက ခွင့်ပြုချက်တောင်းခံရယူပြီးမှသာ ဆောင်ရွက်ရန်၊ ရုံးတက်/ရုံးဆင်းချိန်အတွင်း တာဝန်မှအပ ပြင်ပသို့ မထွက်ရန်၊ ပြင်ပနေရာများသို့ သွားလာရာမှာ သတ်မှတ်ယူနီဖောင်းဝတ်ဆင်၊ သွားလာခြင်းမျိုး ရှောင်ကြဉ်ရန်နဲ့ ခြိမ်းခြောက်ခြင်းများရှိပါက သတင်းပေးပို့ရန် အသိပေးထားတယ်လို့ သိရပါတယ်။

#Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုနှစ် (၄)လတာထဲ အကျဉ်းထောင်တွေမှာ ဆေးဝါးမလုံလောက်တာကြောင့် နိုင်/ကျဉ်း (၉)ဦးအထိ သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 13 Views
မေလ (၆)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ အကျဉ်းထောင်တွေမှာ ဆေးဝါးမလုံလောက်တာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၉)ဦးအထိရှိတယ်လို့ PPNM ရဲ့
မြန်မာသတင်း

မြိုင်နဲ့ ပခုက္ကူအစပ်က ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
မေလ (၆)ရက်။ မနေ့က ည (၈)နာရီအချိန်က မြိုင်မြို့နဲ့ ပခုက္ကူမြို့အစပ်က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

သမ္မတပူတင်၏ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် ရုရှားသို့ သွားရောက်မည်ဟုဆို

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 58 Views
မေလ (၅) ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို မကြာမီ ချစ်ကြည်ရေးခရီးသွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ဟာ မော်စကိုမြို့တော်မှာ ကျင်းပပြုလုပ်မယ့် ဒုတိယကမ္ဘာစစ် နာဇီတွေ
မြန်မာသတင်း

စစ်ကောင်စီက အခုလကုန်အထိ အပစ်ရပ်သက်တမ်း ထပ်တိုးတယ်ဆိုပြီး ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 89 Views
မေလ (၆)ရက်။ ဒီကနေ့ မေလ (၆)ရက်နေ့ကစပြီး (၃၁)ရက်နေ့အထိ အပစ်ရပ်ကာလကို ထပ်မံတိုးမြှင့်လိုက်တယ်ဆိုပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ အပစ်ရပ်ကာလ ထပ်တိုးတဲ့ ထုတ်ပြန်ချက်ထဲ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို
မြန်မာသတင်း

မန္တလေးမှာ ကျပ်သိန်း (၄၃၀၀)ကျော်တန်ဖိုးရှိ ရွှေထည်နဲ့ ငွေတွေ ခိုးယူသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 63 Views
မေလ (၆)ရက်။ မန္တလေး ချမ်းအေးသာစံမြို့မှာ ငွေကျပ်သိန်း (၄၃၅၄)တန်ဖိုးရှိ ရွှေထည်နဲ့ ငွေတွေ ခိုးယူခဲ့သူတွေကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ဧပြီလ (၁၈)ရက်နေ့က ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ်ကွက်ရှိ (၇)လွှာတိုက်ခန်း
မြန်မာသတင်း

မုံရွာမြို့က ပြန်ပေးဆွဲမှုဖြစ်စဉ်မှာ ကျူးလွန်သူတွေကို ဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 65 Views
မေလ (၆)ရက်။ မေလ (၄)ရက်နေ့ နေ့လယ် (၁)နာရီခန့်က မုံရွာမြို့ နန္ဒဝန်ရပ်ကွက် ပုဏ္ဏမီလမ်းမှာ သားအမိ (၂)ဦးကို သေနတ်ပြခြိမ်းခြောက်ကာ ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြန်ပေးဆွဲမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ရာ အခင်းဖြစ်ပွားတဲ့နေ့
မြန်မာသတင်း

CNDF က ဖလမ်းတိုက်ပွဲမှာပူးပေါင်းတိုက်ပေးခဲ့တဲ့ မဟာမိတ်တွေကို လက်နက်မျှဝေရာမှာ မမျှမတလုပ်ဆောင်ခဲ့ဟုဆို

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 54 Views
မေလ (၆) ရက်။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင် – ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က သိမ်းဆည်းရရှိတဲ့ လက်နက်တွေကို ပါဝင်တိုက်ခိုက်ခဲ့တဲ့မဟာမိတ်အဖွဲ့တွေကို မျှမျှတတ ခွဲဝေမပေးဘူးလို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရှိရပါတယ်။ တိုက်ပွဲမစခင် မဟာမိတ်တပ်ဖွဲ့တွေက မိမိမှာပါတဲ့လက်နက်တွေကို ဗဟိုစစ်ကွပ်ကဲရေးကို
မြန်မာသတင်း

တလထဲ စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း (၁၃၉)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 42 Views
မေလ (၅)ရက်။ ပြီးခဲ့တဲ့ ဧပြီလထဲ မူတြော်ခရိုင်မှာ စစ်ကောင်စီနဲ့ KNLA တပ်မဟာ (၅)တို့အကြား တိုက်ပွဲပေါင်း (၁၃၉)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်