နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ စီမံကောင်စီအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလှကြည်သည် နေအိမ်သို့ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကာ သေဆုံးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ဇွန်လ ၂၃ရက်နေ့ ည ၇နာရီကျော်က ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်(၂)ဖြစ်သူ ဦးလှကြည်သည် ကားဖြင့် အိမ်ပြန်လာစဉ် ယုဇနဥယျာဉ်မြို့တော် C ဘလောက် ၁လမ်းနဲ့ စိန်ပမ်းလမ်းထောင့်အရောက်မှာ ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် ၁၂ချက်ခန့် ပစ်ခတ်ခဲ့တာပါ။



“သူက အိမ်ကို ကားနဲ့ပြန်လာတဲ့အချိန် ဆိုင်ကယ်စီးလာတဲ့သူနှစ်ယောက် သေနတ်နဲ့ပစ်သွားတာ၊ အချက်ရေ ၁၀ချက်ကျော်လောက်ရှိတယ်၊ အသံကြားရတာ။ ဆေးရုံရောက်တော့ ဆုံးသွားတယ်လို့ကြားတယ်”လို့ ယုဇနဥယျာဉ်မြို့တော်နေသူတစ်ဦးက ဆိုပါတယ်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးလှကြည်သည် ယာရင်ဘတ် ကျည်ထိဒဏ်ရာ ၂ချက်၊ ယာနံဘေး ကျည်ထိမှန်ဒဏ်ရာ ၁ချက်၊ ဝဲရင်ဘတ် ကျည်ထိဒဏ်ရာ ၁ချက်တို့ရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ည ၈နာရီကျော်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာ Luger  ကျည်ခွံ ၁၂ခုတွေ့ရှိခဲ့ပြီး အဆိုပါပစ်ခတ်မှုအား Dagon Seikkan PDF အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရကာ ဦးလှကြည်သည် ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ YMBA ဥက္ကဌဖြစ်တယ်လို့ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်၊ ၁၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 13 Views
ဧပြီလ (၂၀) ရက်။ သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာအား မနေ့က နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင်
မြန်မာသတင်း

လားရှိုးကို စစ်ကောင်စီ ဝင်လာချိန် လုံခြုံရေးယူပေးတာ မရှိဘူးလို့ UWSA ငြင်းဆို

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 14 Views
လားရှိုးမြို့ လွှဲပြောင်းပေးဖို့ တရုတ်အထူးကိုယ်စားလှယ်ကိုယ်တိုင် ကိုင်တွယ်နေ ဧပြီလ (၁၉)ရက်။ လားရှိုးမြို့ကို စစ်ကောင်စီ ဝင်ရောက်လာချိန် လုံခြုံရေးယူပေးခဲ့တယ်ဆိုတဲ့အပေါ် “ ဝ”
မြန်မာသတင်း

ကျောက်တော်မြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 22 Views
ဧပြီလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်ကစပြီး ကျောက်တော်မြို့ရှိ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုဝ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်တော်မြို့က အရပ်သားတွေနေတဲ့ ရပ်ကွက်တွေကို
မြန်မာသတင်း

နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်ရေးဆွဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 38 Views
ဧပြီလ (၁၉)ရက်။ နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် နေပြည်တော်မှာ ထိခိုက်ခဲ့တဲ့ အဆောက်အအုံတွေထဲ ဖို့မြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေက ပိုမိုထိခိုက်ပျက်စီးတာကို
မြန်မာသတင်း

ရန်ကုန် ကမာရွတ်မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 22 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၉)နာရီ (၅၇)မိနစ်အချိန်က ရန်ကုန်ရှိ စစ်ကောင်စီရဲ့ ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army(YUPA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ကမာရွတ်မြို့နယ် မြို့မရဲစခန်းကို
မြန်မာသတင်း

နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 23 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၈)နာရီခွဲကျော်အချိန်က နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 21 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ညောင်လေးပင်ခရိုင် ရေတွင်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ အမှတ်(၂)စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ရေတွင်းကုန်းရွာကို နံနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ။ ပြီးတော့
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 21 Views
ဧပြီလ (၁၈)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဗလဘကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ ညနေ (၄)နာရီ (၂၀)မိနစ်လောက်က ဗလဘကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်