နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာသိမ်းစစ်ကောင်စီအပေါ် အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုအား ကြိုဆိုကြောင်း NUG ထုတ်ပြန်

လူမျိုးတုံးသတ်ဖြတ်တဲ့ အာဏာသိမ်းစစ်ကောင်စီအပေါ် အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုအား လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NU)က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနက စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တို့ကို ဒဏ်ခတ်ပိတ်ဆို့တဲ့အပေါ် NUG က ထုတ်ပြန်လာတာဖြစ်ပါတယ်။


ထိုဒဏ်ခတ်ပိတ်ဆို့မှုများသည် စစ်ကောင်စီဟုခေါ်သော လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်အာဏာရှင်များရဲ့ ဘဏ္ဍာရေး အသက်လမ်းကြောင်းများကို ဖြတ်တောက်ရာမှာ အရေးပါသောလုပ်ရပ်များဖြစ်တယ်လို့ ဆိုပါတယ်။



MFTB နဲ့ MICB တို့အပြင် စစ်အာဏာရှင်များရဲ့ လူမျိုးတုံးသတ်ဖြတ်မှုမှာ ထောက်ပံ့ပေးသည်သာမက မြန်မာပြည်သူအားလုံးကို ဆန့်ကျင်သည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးတဲ့ အခြားဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများအပေါ်မှာလည်း ပိုမိုပြင်းထန်သော ပိတ်ပင်မှုများ ပြုလုပ်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ နိုင်ငံများကို ညှိနှိုင်းဆောင်ရွက်ဖို့ NUG က တောင်းဆိုထားပါတယ်။

အလားတူ ယူကရိန်းအကျပ်အတည်းနဲ့ပတ်သက်ပြီး ရုရှားရဲ့လုပ်ရပ်များအတွက် နိုင်ငံတကာက ရုရှားအပေါ် ချမှတ်တဲ့ တူညီသော ပိတ်ဆို့မှုများကို မြန်မာနိုင်ငံရှိ လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်အာဏာရှင်များအပေါ် ကျင့်သုံးသင့်တယ်လို့လည်း ပြောဆိုထားပါတယ်။

နိုင်ငံတကာအစိုးရများအနေနဲ့လည်း အမေရိကန်အစိုးရနည်းတူ လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြတ်ပြတ်သားသား လုပ်ဆောင်ချက်များ လုပ်ဆောင်ဖို့ကိုလည်း NUG က တိုက်တွန်းပြောဆိုထားတာဖြစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 20 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 24 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 26 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ တအာင်းပညာရေးရန်ပုံငွေထီကို တအာင်းပြည်ရဲ့ ပညာရေးကို ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ နိုင်ငံရေးမတည်ငြိမ်တာနဲ့
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 32 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 28 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မြန်မာမှာ အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ပေါ်နေတာအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာဒေသဖြစ်စေဖို့ ဖန်တီးပေးနေတယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ