နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

​နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ် ပြန်လည်လွတ်မြောက်လာ

နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်ကို စစ်ကောင်စီ က

ပြန်လွှတ်ပေးလိုက်တာကြောင့်ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့သိရပါတယ်။

မောင်ဝိတ်ဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ(၃)ရက်မှာ ဖမ်းဆီးထားခံခဲ့ရတာပါ။

၂၀၂၁ ခုနှစ် မတ်လ(၁၇)ရက်နေ့တွင် စစ်ကောင်စီ က မောင်ဝိတ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ဒေါ်လာငွေ စုစုပေါင်း (၅)သိန်းခွဲ ပေးရကြောင်း ထွက်ဆိုခိုင်းမှုများ ရှိခဲ့ပြီးနောက် ဆက်လက်ဖမ်းဆီးထားခဲ့ပြီးနောက် (၂)နှစ်ကျော်အကြာမှာ အခုလို လွှတ်ပေးလိုက်တာပဲဖြစ်ပါတယ်။

အခုလို လွတ်မြောက်လာမှုနှင့်ပတ်သက်ပြီးမောင်ဝိတ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ Sae Paing အကောင့်ကနေ အခုလို ရေးသား အသိပေးထားပါတယ်။

၂၉ ဇွန် ၂၀၂၃ ကံဇာတ်ဆရာရေ…. ကျနော်အိမ်ပြန်ရောက်လို့ကျေးဇူးတင်ပါတယ်.. ကျနော့အမေလည်းဝမ်းသာပါတယ်.

ကြုံလို့ကံဇာတ်ဆရာမေ့နေမှာစိုးလို့ ကျနော်ပြောစရာရှိတယ်.. လူတစ်ယောက် အထူးသဖြင့် ယောက်ကျားတစ်ယောက်ရဲ့အသက် ၃၀ နဲ့ ၄၀ ကြားဆိုတာ လူ့ဘဝရဲ့ အားအကောင်းဆုံးအချိန်လို့ဆိုကြတယ်၊

အဲ့ဒီအားအကောင်းဆုံးအချိန် ၁၀နှစ်မှာ ၅နှစ်ခွဲ ( ၃၁.၅.၂၀၀၈ မှသည် ၃.၁.၂၀၁၄ ) က အကြပ်အတည်းတွေနဲ့ ဘဝတက္ကသိုလ် တစ်ခုပြီးတစ်ခု မှာ ကံဇတ်ဆရာကျနော့ကို ထားခဲ့တယ်.. ယောက်ကျားတစ်ယောက်ရဲ့ ဒုတိယအားအကောင်းဆုံးအချိန်ဖြစ်တဲ့ အသက်၄၀ နဲ့ ၅၀ ကြား ၁၀ နှစ်တာမှာ ၂နှစ်ခွဲ ( ၃.၂.၂၀၂၁ မှသည် ၂၉.၆.၂၀၂၃) က စာမေးပွဲပေါင်းများစွာပါဝင်တဲ့ ဘဝသင်တန်းတစ်ခုပြီးတစ်ခုတက် ခိုင်းခဲ့တယ်

ကျနော်ကတော့ဖြေဆိုခဲ့ရတဲ့ဘဝစာမေးပွဲပေါင်းများစွာကိုတော့ အကောင်းဆုံးကြိုးစားအားထုတ်ခဲ့ပါတယ်၊ စာမေးပွဲတွေရဲ့ထုံးစံအတိုင်း ရလဒ်ကတော့ ဖြေဆိုသူနဲ့ သိပ်ဆိုင်ပုံမပေါ်ပါဘူး၊ စာစစ်သူများနဲ့ အကဲဖြတ်အဖွဲ့များရဲ့အမြင် တွေနဲ့သာဆိုင်ခဲ့ပါတယ် .. အခုတော့ ကျွန်တော် အသက် ၅၀ ပြည့်ခဲ့ပြီ၊ ရှေ့ဆက်တဲ့အသက် ၅၀ နဲ့ ၆၀ ကြား ၁၀ နှစ်ကတော့ အိုဖို့ပဲကျန်ပါတော့တယ်..ကံဇာတ်ဆရာရေ အဲ့ဒါကြောင့်ကံဇာတ်ဆရာအနေနဲ့.. ဘဝပန်းလာပြီဖြစ်တဲ့ကျနော့်ကို ဒီလောက်နဲ့ပဲကျေနပ်ပါတော့လို့…..

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 14 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒို လူကြီးရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 19 Views
စစ်လော်ဘီတွေက လေကြောင်းဗုံးကြဲခံရတာဆိုပြီး သတင်းမှားဖြန့်နေ မေလ (၇)ရက်။ မနေ့က KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ KNU
မြန်မာသတင်း

စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီ DCI Group တို့ ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် JFM ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 25 Views
မေလ (၇)ရက်။ စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီကုမ္ပဏီဖြစ်တဲ့ DCI Group တို့ ဆက်သွယ်ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် Justice for Myanmar(JFM)က မနေ့က ရှုတ်ချထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိတ်ဆွေဟောင်းနဲ့ ယခင်အကြံပေးအနေနဲ့ ဆောင်ရွက်ခဲ့တဲ့
မြန်မာသတင်း

ရွေးကောက်ပွဲကို ထောက်ခံတာက နိုင်ငံရေးဆောင်ရွက်တာကို ထောက်ခံတာဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 21 Views
မေလ (၇)ရက်။ ရွေးကောက်ပွဲကို ထောက်ခံတာဟာ နိုင်ငံရေးအရ ဆောင်ရွက်တာတွေကို ထောက်ခံတာဆိုပြီး ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က မနေ့က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မဲပေးသူတွေဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက် မဲပေးတာပါ။ မဲပေးတာမှာ စနစ်တကျနဲ့
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNU ဆီ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 24 Views
မေလ (၇)ရက်။ မနေ့က တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၂)ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းကဖြစ်ပြီး KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နဲ့ မဟာမိတ်တပ်ဖွဲ့တွေဆီ
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 33 Views
မေလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဝက်လက်မြို့ စခန်းသာရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ နေ့လယ် (၁၂)နာရီကျော်လောက် စခန်းသာရွာနားကို စစ်တပ်ရဲ့ တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၃)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံး တောင်းဆို

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 30 Views
မေလ (၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩ‌စတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပကျယ်ချုပ် ပြောင်းရွှေ့တာကို သိရပြီး မိသားစုအပါအဝင် ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုရစေဖို့
မြန်မာသတင်း

လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 31 Views
မေလ (၆)ရက်။ ‌ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲက‌နေ ထွက်ပြေးသွားတဲ့