နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 4 ရက်

ဆောင်းပါးများ

ဆောင်းပါးများ ထိုင်းနိုင်ငံရေး မြန်မာသတင်း

ထိုင်းနှင့် မြန်မာစစ်တပ်တို့ အစုရှယ်ယာပိုင် ကော်ပိုရေးရှင်းကြီးများ လက်ဝါးကြီးအုပ်ထားသည့် ဘီယာလုပ်ငန်းကို ပြည်သူအများစုအတွက် လုပ်ပိုင်ခွင့်ပေးမည်လော။

ထိုင်းနိုင်ငံ၏ မကြာသေးမီက ဘီယာချက်လုပ်ငန်းငယ်များအပေါ် ကန့်သတ်ချက်များ ဖြေလျှော့လိုက်ခြင်းသည် အဓိကအားဖြင့် ကုမ္ပဏီ ၂ခုက လက်ဝါးကြီးအုပ်ထားသည့် (duopoly) ဘီယာဈေးကွက်ကို ဖြိုခွဲနိုင်သော်လည်း အချို့ကမူ အစိုးရသည် ရည်မှန်းချက် နည်းပါးသော အစီအမံများကို ရွေးချယ်ခြင်းဖြင့် ဈေးကွက်ကို ကြီးစိုးထားသော စီးပွားရေးသမားများကို ကာကွယ်ရန် ရည်ရွယ်ထားဆဲဖြစ်ကြောင်း ငြင်းခုံကြသည်။

ဘီယာဝါသနာရှင်များသည် ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ဘန်ကောက်မြို့အပြင်ဘက်ရှိ ပန်းခြံတစ်ခုတွင် တွေ့ဆုံခဲ့ကြပြီး အခမ်းအနားအတွက် အသေးစား ဘီယာချက်သည့်ကိရိယာများကို ယူဆောင်လာခဲ့ကြသည်။

“ကျွန်တော်က ခါးသက်ပြီး မွှေးကြိုင်တဲ့ ဘီယာတမျိုးမျိုးကို မြီးကြည့်ချင်တယ်” ဟု မျက်နှာနီနီဖြင့် တက်ရောက်သူတစ်ဦးက ပြောသည်။

ယခင်က ဘီယာစက်ရုံလိုင်စင်ရရှိရန် အရင်းအနှီး အနည်းဆုံး ဘတ် ၁၀ သန်း (ဒေါ်လာ ၂သိန်း၈သောင်း ၆ထောင်-၂၈၆၀၀၀) လိုအပ်ပြီး နှစ်စဉ် လီတာ ၁၀၀၀၀၀ မှ ၁ သန်းအထိ ထုတ်လုပ်နိုင်ရမည်ဖြစ်သည်။ တစ်နည်းဆိုရသော် အနိမ့်ဆုံး ဗူး ၃ သိန်း နီးပါးနှင့် ညီမျှသည်။

နိုဝင်ဘာ ၂ ရက်က အကောင်အထည်ဖော်ခဲ့သော ဘဏ္ဍာရေးဝန်ကြီးဌာန၏ စည်းမျဉ်းများ ပြင်ဆင်မှုဖြင့် အဆိုပါ အခက်အခဲ နှစ်ခုစလုံးကို ဖျက်သိမ်းခဲ့သည်။

လျော့ရဲလာသော စည်းမျဉ်းများသည် အသစ်ဝင်လာသူများအတွက် ဈေးကွက်ထဲသို့ ဝင်ရောက်ရန် ပိုမိုလွယ်ကူစေပြီး ကွဲပြားမှုကို ပိုမိုအားပေးစေလိမ့်မည်ဟု နာမည်ကြီး ဘီယာထုတ်လုပ်သည့် Chit Beer တည်ထောင်သူ Wichit Saiklao က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ဘီယာဈေးကွက်၏ ၉၀% ကျော်ကို Boon Rawd Brewery နှင့် Thai Beverage တို့မှ ထိန်းချုပ်ထားပြီး Singha နှင့် Chang အမှတ်တံဆိပ်များကို ထုတ်လုပ်သူများဖြစ်ကြောင်း သိရသည်။

သို့သော် လက်လီ ဘီယာသမားများကို လက်လီဈေးကွက်များမှ ပိတ်ဆို့ထားဆဲဖြစ်ပြီး ၎င်းတို့၏ ဘီယာများကို ဘီယာစက်ရုံဝင်းများတွင်သာ ရောင်းချခွင့်ပြုထားသည်။

Wichit ၏ အဆိုအရ ပြီးခဲ့သည့်လက ထိုသတ်မှတ်ချက်သည် ဥပဒေကို နည်းပညာအရ ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နောက်တိုက်ပွဲသည် ရောင်းချမှု အပါအဝင် နောက်ထပ် ဖြေလျှော့မှုများက ကျော်လွန်သွားနိုင်လိမ့်မည်ဟု Wichit က ပြောသည်။ အတိုက်အခံ Move Forward ပါတီမှ တင်သွင်းသည့် ဥပဒေကြမ်းသည် ထိုကန့်သတ်ချက်များကို ဖြေလျှော့ပေးမည်ဖြစ်သည်။

သို့ရာတွင် စစ်တပ်ကို လိုလားသည့် ညွန့်ပေါင်းအဖွဲ့ကတော့ မဲအနည်းငယ်နဲ့ကပ်ပြီး မဲခွဲဆုံးဖြတ်အနိုင်ရရှိခဲ့ပါသည်။ Move Forward ပါတီ၏ အဆိုပြုချက်သည် ဘီယာထုတ်လုပ်မှုလုပ်ငန်းကို ထိန်းညှိရာတွင် အစွန်းရောက်လွန်းသည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပြီး စားသုံးသူများ၏ ကျန်းမာရေးကို အကာအကွယ်ပေးရန်နှင့် အရက်မူးပြီး ကားမောင်းသည့် မတော်တဆမှုများမှ ကာကွယ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဥပဒေကြမ်းကို ပံ့ပိုးကူညီခဲ့သည့် Move Forward မှ အောက်လွှတ်တော်အမတ် Taopiphop Limjittraakorn သည် အိမ်တွင် ၎င်း၏ကိုယ်ပိုင် ဘီယာချက်လုပ်မှုဖြင့် တစ်ချိန်က ဖမ်းဆီးခံခဲ့ရဖူးသည်။ သူက အစိုးရမှ ဦးစီးပြီးပြုလုပ်ထားသည့် စည်းမျဉ်းစည်းကမ်း အပြောင်းအလဲများကို အတည်ပြုရန် အစိုးရ၏ ဆုံးဖြတ်ချက်သည် ထိုလက်ဝါးကြီး အုပ်ထားသည့်အုပ်စု အကျိုးရှိစေရန် အတွက်သာ ရည်ရွယ်ထားသည်ဟု စောဒကတက်ခဲ့သည်။ စစ်တပ်သည် ဓနဥစ္စာနှင့် အာဏာကို ချုပ်ကိုင်ထားစဉ်တွင် ထိုင်းနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေး ကြီးကြီးမားမားတွင် စစ်တပ်နှင့်လုပ်ငန်းစုကော်ပိုရေးရှင်းများ၏ အကျိုးစီးပွားနှင့် ပတ်သက်သော ပြဿနာများတွင် တဦးနှင့်တဦး ယိုင်းပင်းမှုတို့သည် ကြာမြင့်စွာ ရှိနေသည်ဟု ဝေဖန်သူများက စွပ်စွဲကြသည်။

အစိုးရက Move Forward ပါတီကို လူထုထောက်ခံမှု ပိုမိုရရှိလာမည်ကို တားဆီးလိုသည်ဟု Taopiphop မှ ပြောကြားခဲ့သည်။ ဘီယာဆိုင်အပြင် ထိုင်းနိုင်ငံရှိ ဈေးကွက်အများအပြားကို လုပ်ငန်းစုကော်ပိုရေးရှင်းကြီးများက လွှမ်းမိုးထားသည်။ ၎င်းတို့သည် စီးပွားရေးကို ပံ့ပိုးကူညီသော်လည်း စီးပွားရေးလုပ်ငန်းသမား အသစ်များအတွက် လမ်းသစ်ဖွင့်ပေးမှုတွင်မူ ထိန်းချုပ်ထားဆဲဖြစ်သည်။

ဘီယာချက်စက်ရုံများနှင့် ပတ်သက်၍ တိုက်ပွဲသည် အခြားနယ်ပယ်များအတွက်လည်း တိုင်းတာပြနေသည့် ဘာရိုမီတာတစ်ခု ဖြစ်နိုင်သည်။မြန်မာနိုင်ငံတွင်လည်း အလားတူ ဖြစ်ရပ်ရှိခဲ့ဘူးသည်။

ဒေါ်ဝင်းဝင်းနုက ငွေကြေးစိုက်ထုတ်ပြီး မန္တလေးဘီယာချက်စက်ရုံကို ကိုယ်ပိုင်ငွေဖြင့် ပြန်လည်ထုတ်ဝေခဲ့သည် ဘီယာရောင်းအား ကောင်းလာသည့်အခါ ဗိုလ်သန်းရွှေနှင့် ဗိုလ်ခင်ညွန့်တို့က မျက်စိကျလာပြီး အကြောင်းပြ သိမ်းပိုက်ခဲ့ပြီး မန္တလေးဘီယာကို ဦးပိုင်အောက်သို့ သွတ်သွင်းခဲ့သည်။

မြန်မာနိုင်ငံထုတ် ဘီယာကုမ္ပဏီများတွင် မန္တလေးဘီယာနှင့် မြန်မာဘီယာတို့သည် စစ်တပ်ပိုင်များဖြစ်သည် ပြည်သူများအတွက် အပြိုင်လုပ်ပိုင်ခွင့်ကို ပိတ်ပင်ထားပြီး သူတို့က အကျိုးအမြတ်များကို ယှဉ်ပြိုင်သူ မရှိဘဲ ခံစားစံစားနေကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ထိုင်းနှင့်မြန်မာ စစ်ခေါင်းဆောင်များသည် တိုင်းပြည်ဖွံ့ဖြိုးရေးထက် မိမိတို့၏ ကိုယ်ကျိုးစီးပွားတို့ကိုသာ ဦးစားပေးကြပြီး အာဏာအလွန်အကျွံ အသုံးပြုကာ ပြိုင်ဖက်များကို ဥပဒေအမျိုးမျိုးထုတ်ကာ ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားခဲ့ကြသည်။

စစ်အုပ်စုက ပြဋ္ဌာန်းထားသောဥပဒေများနှင့် ပြဋ္ဌာန်းမည့်ဥပဒေများသည် ယင်းတို့၏ ကိုယ်ကျိုး စီးပွားများအတွက်သာဖြစ်ပြီး ပြည်သူများ၏ အကျိုးစီးပွားကို မူတည်ပြီး ပြဋ္ဌာန်းသည့် ဥပဒေများကို တွေ့ရခဲလှပေသည်။

Nikkei Asia ပါ သတင်း “ Thailand’s watered-down beer deregulation panned as weak brew” ကို မှီငြမ်းပြီး ရေးသားတင်ဆက်လိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တနင်္သာရီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 6 Views
မတ်လ (၄)ရက်။ ပြီးခဲ့တဲ့လကုန်ပိုင်းက တနင်္သာရီမြို့ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ လွတ်ရမယ့် နိုင်/ကျဉ်း (၂၀၀)ကျော်ကို ဆက်အကျဉ်းချထားဆဲလို့ဆို

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 16 Views
မတ်လ (၄)ရက်။ အကျဉ်းထောင်တွေမှာ ပုဒ်မ ၅၂(က)နဲ့ ပုဒ်မ ၅၀(ည)တို့နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ နာမည်ပါပေမယ့် မလွတ်လာသေးဘူးလို့ PPNM
မြန်မာသတင်း

ပခုက္ကူမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၃)ဦးသေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 37 Views
မတ်လ (၃)ရက်။ မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကိုးပင်ရွာနားမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကျနော်တို့
မြန်မာသတင်း

စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်ဖို့ စစ်ကော်မရှင်ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 30 Views
မတ်လ (၃)ရက်။ စက်သုံးဆီချွေတာဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်အသုံးပြုဖို့ စစ်ကော်မရှင်က ဒီကနေ့ ညပိုင်းမှာ ကြေညာထားတယ်လို့ သိရပါတယ်။ အခု ကမ္ဘာ့အလယ်ပိုင်းအခြေအနေတွေအရ အရှေ့အလယ်ပိုင်းဒေသထဲ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတလျှောက် အတားအဆီး
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ နောက်ဆုံးရရှိထားသော အချက်အလက်များအရ အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ (Operation Epic Fury) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 27 Views
နိုင်ငံခြားသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ (၃)ရက် လက်ရှိ စစ်ရေးအခြေအနေနှင့် အဓိကဖြစ်ရပ်များ အဓိကတိုက်ခိုက်မှု စတင်ခြင်း (ဖေဖော်ဝါရီ ၂၈ရက်) အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများ၊ ဒုံးကျည်စခန်းများနှင့် အစိုးရခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထားကာ လေကြောင်းမှ
မြန်မာသတင်း

ဖောင်းပြင်မြို့မှာ စစ်ကော်မရှင်စခန်းက တပ်ကြပ်တဦး မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းထံ အလင်းဝင်

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 23 Views
မတ်လ (၃)ရက်။ ဖောင်းပြင်မြို့ အင်းဝိုင်းလမ်းဆုံရှိ စစ်ကော်မရှင်စခန်းက တပ်ကြပ်အဆင့်ရှိသူတဦး အလင်းဝင်လာခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၈ရက်နေ့က ခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ရှေ့တန်းစခန်းနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ အင်းဝိုင်းလမ်းဆုံက စကမစခန်းက တပ်ကြပ်အဆင့်တဦး
မြန်မာသတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 26 Views
‌မတ်လ (၃)ရက်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲသပ်လျှိုဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေတယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလို စစ်ကောင်စီတပ်ဟာ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးချပြီး သတင်းတု၊
မြန်မာသတင်း

အကျဉ်းသား/သူ (၂၉)ဦးကို KNU လွတ်ငြိမ်းခွင့်ပြုခဲ့

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 31 Views
‌မတ်လ (၂)ရက်။ ခလယ်လွီထူခရိုင်ထောင်က အကျဉ်းသူ (၅)ဦးနဲ့ အကျဉ်းသား (၂၄)ဦးကို KNU က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခလယ်လွီထူခရိုင် ထောင်က KNU ဥက္ကဋ္ဌရဲ့ အမိန့်နဲ့ ကော်သူးလေ