နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

နိုဝင်ဘာလ (၁၁)ရက်။

ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က မြိုင်နယ်အနောက်တောင်ပိုင်းမှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ အင်အား (၁၈၀)ခန့်ပါတဲ့ ပခုက္ကူတပ်မ(၁၀၁)က စခစစ်ကြောင်းတွေ တွင်းမပျူရွာနဲ့ သရက်ကန်ပျူရွာတို့မှာ နားပြီးတော့ မြိုင်စက်မှု(၂)ခွေးခြံကို ရောက်နေတာ။ အဲ့ဒီစစ်ကြောင်းကြောင့် ‌ရွာ (၇)ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်” လို့ အညာမြေတပ်ပေါင်းစုက ဆိုပါတယ်။

ပြည်သူ့စစ်တွေပါဝင်တဲ့ စစ်တပ်စစ်ကြောင်း လာတဲ့လမ်းတလျှောက်မှာ မြိုင်နယ်အနောက်တောင်ပိုင်းက ပြည်သူ (၅)ဦးနဲ့ ယာထဲ ဆောက်လုပ်ထားတဲ့ တဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး အဲ့ဒီစစ်‌တပ်စစ်ကြောင်းဟာ နိုဝင်ဘာလ (၆)ရက်နေ့က နှမနှမ်းဆီကန်ရွာရှိ အရပ်သားနေအိမ် (၂၀)လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူတွေကိုလဲ ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

“ ဒီစက်မှု(၂)ကို ရောက်နေတဲ့ စခစစ်ကြောင်းက ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမယ်ဆိုတာ မသိရသေးတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ခွေးရန်၊ လေကြောင်းရန် အထူးသတိပြုကြပါ” လို့ တိုက်တွန်းပြောဆိုထားပါတယ်။

ဒါ့အပြင် မနေ့က ည (၈)နာရီခွဲကျော်အချိန်မှာ မြိုင်စက်မှု(၂)အနီးကို စစ်တပ်က ပါရာမော်တာ (၂)စီးနဲ့ (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါသေးတယ်။

အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလဲ မြိုင်စက်မှု(၂)ကိုရောက်တဲ့အချိန် တော်လှန်ရေးအင်အားစုတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာတွေကြောင့် အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် NUG ပြင်းထန်စွာရှုတ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 31 Views
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆို ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG
မြန်မာသတင်း

လာမယ့်နှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 30 Views
ဒီဇင်ဘာလ (၁၂)ရက်။ ၂၀၂၆ခုနှစ် မတ်လကုန်ပိုင်းမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လာမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 43 Views
ဒီဇင်ဘာလ (၁၁)ရက်။ မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ အသိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ PDF နဲ့ ပကဖတွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကို
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်ကစပြီး လောင်းလုံးမြို့နယ်ရှိ ညင်းမော်ရွာနဲ့ စစ်ပြဲရွာအနီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၁၀)နာရီလောက်ကစပြီး ညင်းမော်နဲ့ စစ်ပြဲရွာနားမှာ စခတွေနဲ့ တော်လှန်ရေးတပ်တွေ
မြန်မာသတင်း

အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်ကစားတွေ တိုက်ဖျက်နိုင်ဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီ ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 43 Views
ဒီဇင်ဘာလ (၁၁)ရက်။ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဆိုပြီး စစ်ကော်မရှင်က မနေ့ကရက်စွဲနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု ကျူးလွန်တာတွေကို နိုင်ငံထဲ လုံးဝအခြေမပြုနိုင်ဖို့ ပြည်တွင်းအင်အားစုတွေအပြင် ပြည်ပနိုင်ငံတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့လို့ ဆိုပါတယ်။
မြန်မာသတင်း

အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 36 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာပြုလုပ်‌တဲ့ အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က တနိုင်ငံလုံးကနေ တပြိုင်ထဲ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် လူထုလှုပ်ရှားမှုကြီးဟာ ပြည်သူရဲ့
မြန်မာသတင်း

ဒီကနေ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမြင်ကွင်းများ(သတင်းဓါတ်ပုံ)

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 45 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က အသံတိတ်သပိတ်လှုပ်ရှားမှု မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။ “ ဒီနေ့ အသံတိတ်သပိတ်ရှိတော့ ရန်ကုန်မြို့ထဲမှာက အရင်နေ့တွေထက် လူသွားလူလာ မရှိသလောက်ပဲ။ မနက်ပိုင်းကတော့ ကျောင်းတွေရှိတယ်ဆိုပေမယ့် နေ့လည်ပိုင်းကတော့ တော်တော်ကြီးကို
မြန်မာသတင်း

ရေစကြိုမှာ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ မြို့နယ်ပအဖ သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 43 Views
ဒီဇင်ဘာလ (၁၀)ရက်။ ရေစကြိုမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။ အခုအခါ တရားမဝင်အစိုးရကနေ တရားဝင်စေဖို့ရည်ရွယ်ပြီး စစ်အာဏာရှင်က ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေသလို