စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မောင်းသူမဲ့ လေယာဉ်ငယ်ကို အသုံးပြုပြီး ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ မြောင် CDSOM အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်လ ၂ ရက် ညနေပိုင်းက မြင်းမူမြို့မရဲစခန်းကို ဗုံးသီး နှစ်လုံး၊ အထွေထွေအုပ် ချုပ်ရေးမှူးရုံးကို ဗုံးသီး နှစ်လုံးကို Sharr Do War နည်းပညာ မောင်းသူမဲ့လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီးပစ်မှတ်ကို တိကျစွာတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာထိခိုက်မှုအခြေနေတွေကို မသိရသေးဘူးလို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုမှာ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့တ်လို့ သိရကြောင်း မြို့ခံအချို့ဆီကသိရပါတယ်။
အဲဒီ စစ်ဆင်ရေးကို CDSOM အနောက်ပိုင်း (၀၀၁)အဖွဲ့၊ Myinmu Civil Revolution Force၊ စစ်ကိုင်း ခရိုင် ပလဖ (အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့)၊ မြင်းမူ ပကဖ၊ မြင်းမူ ကိုလမ်းဗိုလ်နှင့်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
Era’sEye /(Sharr Do War နည်းပညာ မောင်းသူမဲ့ လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ဓာတ်ပုံ-ကိုနွေဦး(မြောင်))