စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မြောက်တောကြီးကျေးရွာအနီးမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပါတယ်။
အင်အား ၅၀ ပါ စစ်ကြောင်း မနေ့က ၄ နာရီ ၅၀ ဝန်းကျင်မှာ မိုင်းငါးလုံးတန်းနှစ်ကွင်းဆင်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကတော့ သေဆုံးနိုင်ခြေရှိတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မုံရွာပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၃ တပ်ခွဲ ၄ ရွာဇော်ကြီး pdf နဲ့ မုံရွာခရိုင်တပ်ရင်း ၁၃ တပ်ခွဲ ၂ GpGds တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။