စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကုန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Loikaw PDF ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို Loikaw PDF နဲ့ Falcon Wings တို့အပါအဝင် ကရင်နီတော်လှန်ရေး ညွှန့်ပေါင်းတပ်တို့က ဇူလိုင်လ ၉ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို Loikaw PDF က သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ထုတ်ပြန်လာတာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထည့်သွင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
Era’s Eye