နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖမ်းဆီးခံထားရတဲ့ လက်ဝှေ့ချန်ပီယံ တူးတူး သေဆုံးသွားပြီဆိုပြီး မိသားစုကိုအကြောင်းကြားလာ


ဖမ်းဆီးခံထားရတဲ့ လက်ဝှေ့ချန်ပီယံ တူးတူး သေဆုံးသွားပြီဆိုပြီး မိသားစုဝင်တွေကို စစ်ကောင်စီဘက်က အကြောင်းကြားလာခဲ့တယ်လို့ လက်ဝှေ့အသိုင်းအဝိုင်းနဲ့ နီးစပ်သူများရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လက်ဝှေ့ချန်ပီယံ တူးတူးသည် ရဲဘက်အကျဉ်းစခန်းတစ်ခုမှာ ပစ်ခတ်ခံရကာ သေဆုံးသွားခဲ့တယ်လို့ သတင်းများထွက်ခဲ့ပြီးနောက် ၃လနီးပါးအကြာမှာ စစ်ကောင်စီဘက်က မိသားစုဝင်များကို အကြောင်းကြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

“၁၁ရက်နေ့က မိသားစုဝင်တွေကို ရဲစခန်းက အကြောင်းကြားလာတယ်လို့ သိရတယ်။ သတင်းတွေထွက်တုန်းကတော့ အတည်မပြုနိုင်ခဲ့ကြလို့ လက်မခံခဲ့ကြတဲ့ပုံစံပေါ့၊ အခုတော့ အတည်ပြုနိုင်ခဲ့ပြီ”လို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ယနေ့ ဇူလိုင်လ ၁၃ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ တူးတူး ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီလို့ World Lethwei Championship အသိုင်းအဝိုင်းဘက်က လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လက်ဝှေ့ချန်ပီယံ တူးတူးသည် ၂၀၂၂ခုနှစ် ဧပြီလ ၁၁ရက်နေ့က မင်းဘူးခရိုင်၊ စကုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ၂၀၂၃ခုနှစ် ဧပြီလကုန်ပိုင်းမှာ သေဆုံးသွားပြီလို့ သတင်းများထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို လက်တွေ့ကျပြီး ထိရောက်စွာ အရေးယူပေးဖို့ Karenni-IEC တောင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 3 Views
စက်တင်ဘာလ (၇)ရက်။ အကြမ်းဖက်စစ်တပ်ကို လက်တွေ့ကျပြီး ထိရောက်တဲ့ အရေးယူတာတွေ ဆောင်ရွက်ပေးကြဖို့ ကုလနဲ့ အီးယူအပါအ၀င် အာဆီယံနိုင်ငံတွေကို Karenni-IEC က
1027 Operations မြန်မာသတင်း

လားရှိုးမြို့ရှိ အရေးပေါ်နေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အားပြန်လည်ရရှိ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 3 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က ညနေပိုင်းကစပြီး လားရှိုးမြို့ရှိ အရေးပေါ်လိုအပ်နေတဲ့ အများသူငှာနေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိပြီဖြစ်တယ်လို့ MNDAA ရဲ့
မြန်မာသတင်း

မြိုင်မြို့ သရက်ကန်ရွာက ပျုစောထီးတွေ၊ ရဲတွေနဲ့ စစ်သားတွေ လက်နက်ချဖို့ သတိပေးထား

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 6 Views
စက်တင်ဘာလ (၇)ရက်။ မြို့မြိုနယ်တောင်ပိုင်း သရက်ကန်ရွာက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေ လက်နက်ချပူးပေါင်းဖို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေဟာ သရက်ကန်ရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက်မှာ တာ၀န်ထမ်းဆောင်ပြီး ပြည်သူကို ဒုက္ခမျိုးစုံပေးနေတာကြောင့်
မြန်မာသတင်း

(၅)ရက်တာကာလထဲ ခင်ဦးမြို့က ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ (၅)ရက်တာကာလထဲ ခင်ဦးမြို့နယ်ရှိ ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီစစ်ကြောင်းက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စက်တင်ဘာလ (၂)ရက်နေ့ကစပြီး ဒီကနေ့အထိ
မြန်မာသတင်း

မြိုင်မြို့ပေါ်က စစ်ကောင်စီရဲ့ စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ခိုင်ရေးရုံးတို့ကို တော်လှန်ရေးတပ်တွေ မီးရှို့ရှင်းလင်း

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ခိုင်ရေးရုံးတို့ကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ M.V.P Revolution Force ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နံနက် (၇)နာရီအချိန်က မြိုင်မြို့အရှေ့ဘက် ပခုက္ကူလမ်း‌ပိုင်းပေါ်ရှိ
မြန်မာသတင်း

မဲစာရင်းတွေ မှန်ကန်အောင် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရွေး/ကော်ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 5 Views
စက်တင်ဘာလ (၇)ရက်။ မဲစာရင်းတွေ မှန်ကန်အောင် နည်းပညာနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရွေး/ကော်ဥက္ကဋ္ဌ ဦးကိုကိုက မနေ့ကပြုလုပ်တဲ့ ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(CVLMS) အဆင့်မြှင့်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ CVLMS စနစ်ကို နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး၊ ပြည်နယ်၊
မြန်မာသတင်း

သန်းခေါင်စာရင်းမကောက်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ရသမျှကောက်ဖို့ စစ်ခေါင်းဆောင် ညွှန်ကြားထား

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ သန်းခေါင်စာရင်းမကောက်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ကာလသတ်မှတ်ကာ ရသမျှကောက်ယူဖို့ ညွှန်ကြားထားတယ်လို့ ဒုစစ်ခေါင်းဆောင် စိုး၀င်းရဲ့ မနေ့က ဗဟိုသန်းခေါင်စာရင်းကော်မရှင်အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ (၁)ရက်နေ့ကစပြီး (၁၅)ရက်နေ့အထိ သတ်မှတ်လုပ်ဆောင်မှာဖြစ်သလို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲမြို့က စစ်ကောင်စီရဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကြီးကို AA အပြီးသတ်သိမ်းယူနိုင်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 6 Views
စက်တင်ဘာလ (၇)ရက်။ စက်တင်ဘာလ (၅)ရက်နေ့ ညနေ (၆)နာရီအချိန်မှာ သံတွဲမြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးဖြစ်တဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သံတွဲမြို့နယ်ထဲက ဖက်ဆစ်စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးတစ်ခုဖြစ်တဲ့