မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ရေးနည်းဗျူဟာ၊ နိုင်ငံရေးဖိနှိပ်မှု၊ ခြိမ်းခြောက်မှုနဲ့ လက်တုံ့ပြန်ခြင်းတို့အဖြစ် စနစ်တကျ အသုံးချလျက်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်က ကုလလုံခြုံရေးကောင်စီမှာ ပြောဆိုလိုက်ပါတယ်။
ဇူလိုင်လ ၁၄ရက်နေ့က နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ လုံခြုံရေးကောင်စီမှာ ကျင်းပခဲ့တဲ့ “Women and Peace and Security: sexual violence in conflict”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တာပါ။
မြန်မာပြည်သူများ အထူးသဖြင့် အမျိုးသမီးများနဲ့ မိန်းကလေးငယ်များသည် စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် မြန်မာစစ်တပ်နဲ့ စစ်တပ်အောက်ရှိ နယ်ခြားစောင့်တပ်များမှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ SRSG Pattern တို့က ယခုနှစ်အစီရင်ခံစာမှာ သံသယတရားခံများအဖြစ် ထည့်သွင်းထားတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောဆိုထားပါတယ်။တ
လုံခြုံရေးကောင်စီအနေနဲ့ ၂၀၂၂ခုနှစ်အတွင်း ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အဆို ၂၆၆၉ရဲ့ နောက်ဆက်တွဲ အကောင်အထည်ဖော်မှုအဖြစ် ပိုမိုအားကောင်းတဲ့ နောက်ဆုံးဖြတ်ချက်အဆိုတစ်ခု ထပ်မံချမှတ်ဖို့ကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
#Era’sEye