Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်ခရိုင်ပညာရေးမှူး ကျောင်းကနေ အိမ်အပြန်မှာ သေနတ်ဖြင့်ပစ်သတ်ခံရ


စစ်ကောင်စီလက်အောက် Non CDM ဖြစ်တဲ့ ယင်းမာပင်ခရိုင်ပညာရေးမှူး ဒေါ်သီတာချိုသည် ကျောင်းကနေ အိမ်အပြန်မှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ခရိုင်ပညာရေးမှူး ဒေါ်သီတာချိုသည် ဇူလိုင်လ ၁၂ရက်နေ့ ညပိုင်းက အထက(၃)ကျောင်းမှ အပြန် အိမ်ပေါက်ဝမှာ သေနတ်ဖြင့် ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင်ပညာရေးမှူး ဒေါ်သီတာချိုသည် လက်ရှိမှာ ခရီးလမ်းအခြေအနေအရ မုံရွာမြို့ရှိ အင်းရွာရပ်ကွက်က ၎င်းရဲ့နေအိမ်မှာ ခဏလာနေထိုင်စဉ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



ဒေါ်သီတာချိုသည် ယခင်က စစ်ကိုင်းမြို့နယ်ပညာရေးမှူးဖြစ်ပြီး အထက(၅)ကျောင်းအုပ်ဟောင်းလည်းဖြစ်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ဆရာ၊ ဆရာမများရှိတဲ့ နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ခေါ်ဆောင်လာပြီး လူစုခွဲခိုင်းခဲ့တယ်လို့ ပြောဆိုမှုများရှိနေပါတယ်။

ဒါ့ပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်တဲ့ CDM ပြုလုပ်တဲ့ မူလတန်းပြ ဆရာ၊ ဆရာမ ၄၀၀ကျော်ကိုလည်း ဒေါ်သီတာချိုက ၂၀၂၁ခုနှစ် မေလပိုင်းက လက်မှတ်ရေးထိုးကာ ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းများရှိသလို သင်တန်းမတက်တဲ့ ဆရာ၊ ဆရာမများကို တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်မှုများရှိခဲ့တယ်ကြောင်း သိရပါတယ်။

#Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃)

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 9 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃) အပတ်စဥ် တနင်္ဂနွေနေ့တိုင်း မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ Era’s Eye YouTube
မြန်မာသတင်း

ထရန့်နှင့် ရှီသည် ယခုနှစ်တွင် တွေ့ဆုံနိုင်ခြေ မြင့်မားဟု ရူဘီယိုက ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 7 Views
၂၀၂၅ ခုနှစ် ၊ ဇူလိုင် ၁၁ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်တို့သည် ယခုနှစ်အတွင်း
မြန်မာသတင်း

ဒေသခံတော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 37 Views
ဇူလိုင်လ (၁၅)ရက်။ ‌ဒေသခံတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေကို စားပွဲဝိုင်းမှာသာ ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေက မနေ့က သဘောထားထုတ်ပြန် တိုက်တွန်းထားတယ်လို့ သိရပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ချင်းတော်လှန်ရေးအင်အားစုတွေအကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လွန်စွာ စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့
မြန်မာသတင်း

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (၂၃)ဖွဲ့ထက်မနည်းကို AA ထောက်ပံ့ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 30 Views
ဇူလိုင်လ (၁၅)ရက်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက (၂၃)ဖွဲ့ထက်မနည်းကို အာရက္ခတပ်တော်(AA)က ထောက်ပံ့ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာတဲ့လလက်နက်ကိုင်တပ်ဖွဲ့တွေထဲက အနည်းဆုံး (၂၃)ဖွဲ့ကို AA က
မြန်မာသတင်း

ညောင်လေးပင်ခရိုင်ထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၂၀၀)ကျော်သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 28 Views
ဇူလိုင်လ (၁၅)ရက်။ အခုနှစ်ဝက်ထဲ ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၃၀၀)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ KNU ဘက်က တိုင်းပြည်နဲ့ လူမျိုးအတွက် (၄၄)ဦး
မြန်မာသတင်း

သီပေါမြို့လယ်ကို စစ်ကောင်စီ ပေါင် (၂၅၀)ဗုံး (၄)လုံး ကြဲချတိုက်ခိုက်၊ အရပ်သား (၂)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 29 Views
ဇူလိုင်လ (၁၅)ရက်။ မနေ့က ညနေ (၆)နာရီဝန်းကျင်လောက်မှာ သီပေါမြို့ရှိ တောင်မြို့ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

အခုနှစ်ဝက်ထဲ တော်လှန်ရေးရဲဘော် (၅၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 33 Views
ဇူလိုင်လ (၁၄)ရက်။ အခုနှစ် (၆)လတာထဲ တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် (၅၄၄)ဦး ကျဆုံးခဲ့တယ်လို့ Spring Revolution Database(SRD)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ တော်လှန်ရေး‌အင်အားစုတွေနဲ့ စစ်ကောင်စီတပ်အပါအဝင် သူတို့နဲ့ဆက်စပ်တဲ့ အဖွဲ့တွေနဲ့အကြား ထိတွေ့တိုက်ပွဲပေါင်း
မြန်မာသတင်း

ချင်းပြည်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ CNF ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 33 Views
ဇူလိုင်လ (၁၄)ရက်။ ချင်းပြည်ထဲရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုအချိန်ဟာ ချင်းလဲန်မှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အားလုံးအနေနဲ့ ရင့်ကျက်မှုရှိပြီး စည်းကမ်းရှိဖို့ လိုပါတယ်။ စိတ်ခံစားမှုတွေကို