နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ရွှေဘို စစ်ရှောင် ၁၀,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်နယ်က စစ်ဘေးရှောင် (၁၀,၀၀၀) ကျော်ဟာ ဒီနေ့ထိ နေရပ်မပြန်နိုင်သေးဘူးလို့ တောင်သူဦးကြီးများအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို ဇူလိုင် ၂၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ လောက်နဲ့ ဝင်ရောက်တပ်စွဲခဲ့တာ‌ကြောင့်အနီးပတ်ဝန်းကျင်မှာရှိတဲ့ တင့်တယ်ရွာ၊ ကျောက်မြင့်ရွာ၊ နံ့သာကုန်းရွာတွေက ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ရပ်ကွက် ၂၀ ကျော်နဲ့ လူဦးရေ ၄ ထောင်ကျော်ရှိတဲ့ ဆိပ်ခွန်ကျေးရွာမှာ ၂၀၂၂ ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီတပ်‌တွေဟာ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လေ့ရှိပြီးနေမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လကလည်း ဆိပ်ခွန်ရွာကို စစ်တပ်က လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့ရပါသေးတယ်။

လက်ရှိမှာ စစ်ရှောင်ထဲက ၃ ပုံ ၁ ပုံလောက်ကို တောင်သူကြီးများအဖွဲ့က လက်ခံကျွေးထားတာဖြစ်ပြီး တနေ့ကိုဆန် ၁၀ တင်းလောက် ကုန်ကျနေတာမို့ တပ်ဖွဲ့အတွက် အခက်အခဲတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်က ပြည်သူ‌တွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စစ်ရှောင်နေရပြီး လူဦးရေ ၄,၀၀၀ ခန့်ဟာ ဒီပဲယင်းမြို့နယ်က နေရာမျိုးစုံမှာ ပြောင်းရွှေ့နေထိုင်နေကြတာဖြစ်ပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၅ဟာ တော်လှန်ရေး အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 3 Views
နိုဝင်ဘာလ (၂၇)ရက်။ ၂၀၂၅ဟာ တော်လှန်ရေးအတွက် အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်ကောင်စီဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့သား မင်္ဂလာဆောင်မယ့် MICC-2 တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 7 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်ကောင်စီဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ သားဖြစ်သူ မင်္ဂလာဆောင်မယ့် နေပြည်တော်ရှိ MICC-2 ကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့
မြန်မာသတင်း

ရန်ကုန်မှာ ဖုန်းနဲ့ဆက်သွယ်ပြောဆိုပြီး ငွေကြေးလိမ်လည်သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 4 Views
နိုဝင်ဘာလ (၂၇)ရက်။ ရန်ကုန်တိုင်းထဲ ဖုန်းနဲ့ဆက်သွယ်ကာ အယောင်ဆောင်ပြောဆိုပြီး ငွေကြေးလိမ်လည်တဲ့ အမျိုးသား (၅)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူတို့ (၅)ဦးကို နိုဝင်ဘာလ (၁၇)ရက်နေ့ ညနေပိုင်းက ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်မှာ
မြန်မာသတင်း

ပြည်ပရောက်ရှိနေတဲ့ NUG အစိုးရအဖွဲ့ဝင်တွေ မြန်မာပြည်တွင်း ပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 16 Views
နိုဝင်ဘာလ (၂၆) ရက်။ နိုင်ငံတကာကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေအနေနဲ့ မဟာဗျူဟာကျကျ ဆွေးနွေးချက်တွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ အရင်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်လို့မရတော့ဘဲ လက်တွေ့ကျတဲ့လုပ်ငန်းရပ်တွေကို လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့
မြန်မာသတင်း

တရုတ်ထုတ် အသံထက် (၂)ဆခွဲမြန်တဲ့ ဒုံးကျည် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှာ အဓိကထားအသုံးပြုနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 22 Views
နိုဝင်ဘာလ (၂၆)ရက်။ တရုတ်က တီထွင်ထုတ်လုပ်ထားတဲ့ PL-5 Missiles ဒုံးကျည်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓိကအရေးပါတဲ့ လေကြောင်းသုံး ဒုံးကျည်ဖြစ်တယ်လို့ Blood Money-သွေးစွန်းငွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ PL-5 Missiles ဟာ
မြန်မာသတင်း

မင်းလှမြို့မှာ မူးယစ်ဆေးဝါးရောင်းချသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ မြို့နယ်ပကဖ အထူးသတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 19 Views
နိုဝင်ဘာလ (၂၆)ရက်။ ဒီကနေ့အချိန်မှာ မင်းလှမြို့နယ်ထဲ စစ်ကောင်စီဘက်တော်သားတွေက မူးယစ်ဆေးဝါးတွေကို တွင်တွင်ကျယ်ကျယ် ရောင်းချနေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအရှိန်မြင့်တက်ပြီး နိုင်ငံမငြိမ်မသက်ဖြစ်နေကာ စစ်ကောင်စီဘက်တော်သားတွေက ခက်ခဲကြပ်တည်းနေတဲ့ ပြည်သူတွေဆီကနေ ငွေကြေးတွေကို ညှစ်ထုတ်ရယူဖို့နဲ့ လူငယ်တွေရဲ့
1027 Operations မြန်မာသတင်း

အခုလထဲ နောင်ချိုမှာ စစ်ကောင်စီကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၃၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 15 Views
နိုဝင်ဘာလ (၂၆)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၅)ရက်အထိ နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၃၄)ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA ထန်းချုပ်ထားတဲ့
မြန်မာသတင်း

စစ်အုပ်စုနဲ့ပေါင်းပြီး လုံခြုံရေးပူးတွဲကုမ္ပဏီ တည်ထောင်တာက တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 19 Views
နိုဝင်ဘာလ (၂၆)ရက်။ စစ်အုပ်စုနဲ့ပေါင်းပြီး လုံခြုံရေးပူးတွဲကုမ္ပဏီ တည်ထောင်တာက တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်စရာ အကြောင်းမရှိဘူးလို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုချက်အရ သိရပါတယ်။ “