၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၄)ရက်၊
ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ ဇူလိုင်လအတွင်း ကျွန်းသစ်တန်ချိန် ၃၀ အပါအဝင် တရားမဝင်သစ် စုစုပေါင်း ၅၇၅ တန် ဖမ်းဆီးမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGက သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း ကလေးခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်တို့မှာ ၄၇၉ တန်နဲ့အများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်မှာ ၉၆ တန် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့သစ်အမျိုးအစားတွေကတော့ ကျွန်း၊ သစ်မာနဲ့ သစ်ပါးလွှာတွေ ပါဝင်တယ်လို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ လစဉ်ထုတ် သတင်းလွှာမှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
တရားမဝင်သစ်တွေနဲ့အတူ တရားခံ ၆ ဦး၊ ကား ၇ စီးကိုပါ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒေသဆိုင်ရာ ပအဖ၊ ပကဖနဲ့ မြို့နယ်သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့တို့က အရေးယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
#Era’sEye \News