မေလ (၄)ရက်။
ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သူဟာ ခလရ(၅၀)က ရဲဘော် ကောင်းခန့်(ခ)အာဇာနည်(တ-၅၄၆၇၅၉)ဖြစ်ပြီး ဧပြီလ (၁၉)ရက်နေ့က CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။
အလင်းဝင်တဲ့အချိန် စစ်ကော်မရှင်တပ်သားဟာ MA-1 သေနတ် (၁)လက်၊ ကျည်ဘောက် (၄)ဘောက်၊ ကျည် (၁၃၅)တောင့်နဲ့ လက်ပစ်ဗုံး (၂)လုံးတို့ကို ယူဆောင်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်သားကို ဆုကြေးငွေအနေနဲ့ ကျပ်သိန်း(၅၀) ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ တတိယပတ်ထဲ စစ်ကော်မရှင်ဘက်က လက်နက်ချ၊ အလင်းဝင်နဲ့ စစ်သုံ့ပန်း (၃၀)ဦးအထိရှိခဲ့ပြ အများစုဟာ စစ်မှုထမ်းတပ်သားသစ်တွေလို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








