နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆားလင်းကြီးမှာ လမ်းသွားလမ်းလာပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့၊ ကံကုန်းရွာမှာ စက်တင်ဘာလ (၄)ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ အက်စစ်စက်ရုံရှေ့က ဆိုင်ကယ်နဲ့ဖြတ်သွားတာကို ရပ်ခိုင်းတာ မရပ်လို့ဆိုပြီး စက်ရုံထဲမှာ အောင်းနေတဲ့ စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ” လို့ ကျေးရွာနေဒေသခံတစ်ဦးက ဆိုပါတယ်။

စက်ရုံရှေ့ကနေဖြတ်ပြီး ဆိုင်ကယ်နဲ့ ဆိတ်သွားပို့တဲ့ အမျိုးသားတစ်ဦးကို ပစ်ခတ်ရပ်ခိုင်းရာက မရပ်ပေးတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒုတိယအကြိမ် ထပ်မံပစ်ခတ်ခဲ့တာပါ။

“ ပထမတစ်ချက်ပစ်ပြီးရပ်ခိုင်းတာကို မရပ်ဘဲ မောင်းသွားလို့ဆိုပြီး လှမ်းပစ်တာ။ ပထမတချက်မှာ လက်ကိုရှပ်ထိပြီး ဒုတိယအချက်မှာ ဖောက်ထွက်သွားတယ်။ ဒဏ်ရာနဲ့ကို ဆက်မောင်းပြီး အိမ်အရောက်မှာ သေဆုံးသွားခဲ့တာပါ” လို့ ထပ်မံပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရတာကြောင့် လက်ရှပ်ထိဒဏ်ရာတစ်ချက်နဲ့ ကျောကုန်းဖောက်ထွက်ဒဏ်ရာတို့ရရှိခဲ့ပြီး အိမ်အရောက်မှာ ဆေးကုပေးဖို့ တောင်းဆိုခဲ့ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီက အပြစ်မရှိတဲ့ အရပ်သယးပြည်သူတွေကို မကြာခဏ အကြောင်းမဲ့သတ်ဖြတ်နေကာ စစ်ရာဇဝတ်မှုတွေကို နေ့စဥ်ကျူးလွန်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 18 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ရေစကြိုမြို့အထွက်မှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေ အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 11 Views
နိုဝင်ဘာလ (၈)ရက်။ အခုအချိန်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ တဖြည်းဖြည်း အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လေယာဉ်/ရဟတ်ယဉ် တပ်တော်ဝင်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ဖို့ CRPH ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 13 Views
နိုဝင်ဘာလ (၈)ရက်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို CRPH က ဒီကနေ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ (၅)နှစ်ပြည့်မှာ ထပ်မံတောင်းဆိုထားတယ်လို့ သိရပါတယ်။ အခုအခါ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့်
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 40 Views
နိုဝင်ဘာလ (၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သဝဏ်လွှာထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချို့ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အခုအခါ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး
မြန်မာသတင်း

ခြင်္သေ့ရုပ်တွေ့ရင် လက်ညှိုးနဲ့ ခလုပ်နှိပ်ပါဆိုပြီး မဲပေးစက်အကြောင်း ရှင်းပြချိန် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦး မဲဆွယ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 37 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ပြင်ဦးလွင်မြို့ရှိ ဝါးပိုးရေရွာနဲ့ အင်သာရွာတို့မှာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦးက မဲဆွယ်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီမဲဆွယ်ပွဲမှာ မြထွန်းဦးက မဲပေးစက်အကြောင်း ရှင်းပြချိန် ခြင်္သေ့ရုပ်တွေ့ရင် ဘေးကခလုတ်ကို လက်ညှိုးနဲ့သာနှိပ်ဖို့ဆိုပြီး
မြန်မာသတင်း

ကျုံဒိုးမြို့မှာ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို လက်မခံဖို့နဲ့ ည(၈)နာရီကနေ နံနက် (၆)နာရီအထိ ခရီးမသွားဖို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 34 Views
နိုဝင်ဘာလ (၇)ရက်။ ကျုံဒိုးမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ လက်ခံခေါ်ယူတာ မလုပ်ဖို့ KNU က အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့တရားဝင်မှုရရှိဖို့ အြမ်းဖက်မှုမျိုးစုံကို ကျုံဒိုးမြို့နယ်မှာ ပြုလုပ်နေကာ KNU အနေနဲ့
မြန်မာသတင်း

မိုးကုတ်မြို့ကို ကာကွယ်ဖို့ PDF တပ်ရင်း(၁)ရင်း ထပ်တိုးဖွဲ့စည်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 21 Views
နိုဝင်ဘာလ (၇)ရက်။ မိုးကုတ်မြို့ကို ကာကွယ်ဖို့ “ Ruby Land PDF” မိုးကုတ်တပ်ရင်း(၁)ရင်းကို ထပ်တိုးဖွဲ့စည်းခဲ့တယ်လို့ PDF-TRI ဗျူဟာရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ Ruby Land PDF” ကို
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားဖို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 19 Views
နိုဝင်ဘာလ (၇)ရက်။ စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားနိုင်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘယ်သူမဆို ပြည်သူကို အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာလို့ ဆိုပါတယ်။