နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ရန်သူသဖွယ်သဘောထားခြင်းမှာကြီးမားတဲ့ နောက်ခံအကြောင်းတွေရှိတယ်လို့ စစ်ခေါင်းဆောင်ပြောဆို

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်၊ ခေတ်မျက် လုံး။

မြန်မာနဲ့အမေရိကန်ဟာ စစ်ဖြစ်ပွားဖူးတဲ့ ရန်ဘက်နိုင်ငံလည်း မဟုတ်ဘဲ အမေရိကန်နိုင်ငံအနေနဲ့ မြန် မာနိုင်ငံကို ရန်သူသဖွယ်သဘောထားတာကကြီးမားတဲ့ နောက်ခံအကြောင်းတွေရှိတယ်လို့ စစ်ခေါင်း ဆောင်က  အောက်တိုဘာ ၂၆ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ အောက်တိုဘာ ၂၇ ရက်ထုတ် စစ်ကောင် စီလက်အောက်ခံသတင်းစာက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင် အမေရိကန်နိုင်ငံ ဦးဆောင်တဲ့ အုပ်စုက ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီအဖွဲ့အပါအဝင် သူတို့နဲ့ဆက်နွယ်သူတွေကို အမေရိကန်အပါအဝင်အ နောက် ဥရောပနိုင်ငံတွေက ပိတ်ဆို့အရေးယူတာတွေနဲ့ စစ်ကောင်စီ ဝင်ငွေရလမ်းဖြစ်တဲ့ ရေနံနဲ့ သ ဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပိတ်ဆို့ပြီးတင်းတင်း ကြပ်ကြပ် လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီအနေနဲ့ အကျပ်အတည်းတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ အကြမ်းဖက်အဖွဲ့‌တွေကို ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးနဲ့ ကူညီနေတယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က ဆက်လက်စွပ်စွဲထားပါတယ်။

ဒါပြင် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေဟာ သမိုင်းအစဉ်အလာအရ ရင်းနှီးတဲ့နိုင်ငံတွေဖြစ်ပေမယ့် အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်လို့ ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး စစ်ခေါင်းဆောင်က လက်ရှိအခြေ အနေမှာလည်း အမေရိကန်ဦးဆောင်တဲ့အုပ်စုရဲ့ ရည်မှန်းချက်ဟာ မြန်မာရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ကိုထိန်းချုပ်နိုင်ရေး China Containment ပေါ်လစီဖြစ်လို့ မြန်မာနိုင်ငံမှာ သူတို့လိုလားတဲ့ အစိုး ရအုပ်စုအာဏာရရှိရေးကို တစိုက်မတ်မတ်ဆောင် ရွက်နေတာဖြစ်တယ်လို့လည်း ဝေဖန်စွပ်စွဲခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မလှိုင်မှာ စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့နေရာတွေ တပြိုင်ထဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး တပ်ကြပ်ကြီးတစ်ဦး ဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 2 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ မလှိုင်မြို့နယ် သုံးတောင်ရွာနဲ့ သရက်ကောင်းပင်ရွာတွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ Guardians
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ KNDF စစ်ဦးစီးတပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 4 Views
ဇန်နဝါရီလ (၃)ရက်။ ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တာဝန်ထမ်းဆောင်ကာ စစ်ရေးထဲ ပါဝင်လှုပ်ရှားနေတယ်လို့ KNDF အမှတ် (၆၀၆)စစ်ဦးစီးတပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

၂၀၂၄ မြန်မာပြည်စစ်တမ်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 2 Views
၂၀၂၄ မြန်မာပြည်စစ်တမ်း အခုကျရောက်လာတဲ့နှစ်သစ်မှာ စစ်အာဏာရှင်စိုးမိုးမှုကို ဘာကြောင့် ဆန့်ကျင်တော်လှန်သင့်တယ် ဆိုတာကို ဦးထွန်းအောင်ကျော်က သမိုင်းအထောက်အထားတွေကို ကိုးကားပြီး‌ ပြောကြားထားပါတယ်။ သမိုင်းပညာရှင် ဆရာကြီး‌ဒေါက်တာ သန်းထွန်းက “မ,အအောင် သမိုင်းကိုလေ့လာရမယ်” လို့ပြောခဲ့ဖူးတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံရေး အခင်းအကျင်းကိုလည်း
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

MOD က အကူအညီပေးမယ်ဆိုပြီးပြောပေမယ့် (၉)လကျော်ကြာတဲ့အထိ မရရှိသေးဘူးလို့ မိုးဗြဲ-PDF ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 9 Views
ဇန်နဝါရီလ (၃)ရက်။ MOD က စစ်ရေးမဟုတ်တဲ့ အကူအညီတွေပေးမယ်လို့ ပြောဆိုထားပေမယ့် (၉)လကျော်ကြာတဲ့အထိ တစုံတရာ လက်ခံရရှိတာ မရှိသေးဘူးလို့ တပ်ရင်းအမှတ်(၁၀၀၇)(မိုးဗြဲ-PDF(၂))ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ MOD စစ်ရေးချုပ် ဒေါက်တာယင်းမာကိုယ်တိုင် မြေပြင်လာပြီးတော့ ကျနော်တို့အပါအဝင်
မြန်မာသတင်း

မန္တလေးမှာ တလထဲ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရတဲ့လူငယ် (၄၀၀)နီးပါးရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 10 Views
ဇန်နဝါရီလ (၃)ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ မန္တလေးတိုင်းရှိ မြို့နယ် (၇)ခုမှာ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့လူငယ် (၃၉၁)ဦးရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အောင်မြေသာဇံမြို့မှာ (၆၄)ဦး၊ ချမ်းအေးသာဇံမြို့မှာ (၂၅)ဦး၊ မဟာအောင်မြေမြို့မှာ
မြန်မာသတင်း

ကောလင်းမှာ NUG ရဲ့ သယံဇာတကော်မတီ အတွင်းရေးမှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 6 Views
ဇန်နဝါရီလ (၃)ရက်။ ကောလင်းမြိုမှာ NUG လက်အောက်ရှိ သယံဇာတကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ကိုအရိန္ဒာမာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကောလင်းမြိုနယ် သယံဇာတကော်မီတီ အတွင်းရေးမှူး ဆရာအရိန္ဒာမာ မနေ့က
မြန်မာသတင်း

ငွေဆောင်သဘောတူညီချက် (၇)ချက်ဆိုတဲ့ ဆွေးနွေးပွဲရလဒ်တစ်ခု ထွက်ပေါ်လာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 27 Views
ဇန်နဝါရီလ (၃)ရက်။ အခုရက်ပိုင်းကစပြီး ‌ငွေဆောင်သဘောတူညီချက်ဆိုတဲ့ အချက် (၇)ချက်ပါတဲ့ ဆွေးနွေးပွဲရလဒ်တစ်ခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီငွေဆောင်သဘောတူညီချက် (၇)ချက်ထဲ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်စေဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ စစ်ပွဲတွေရပ်တန့်ထားဖို့ လိုအပ်တယ်လို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ (၄၀၆)ဦးရှိခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 8 Views
ဇန်နဝါရီလ (၃)ရက်။ ၂၀၂၄ခုနှစ် တစ်နှစ်တာကာလထဲ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့သူ (၄၀၆)ဦးအထိ ရှိခဲ့တယ်လို့ AAPP ရဲ့ အခုရက်ပိုင်းထဲ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အရေအတွက်ထဲ ရဲစခန်းတွေမှာ (၁၂)ဦး၊ စစ်ကြောရေးစခန်းတွေမှာ (၁၅)ဦးနဲ့