နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဩဂုတ်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်

လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် လူကုန်ကူးမှုခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက် လူမှု အဖွဲ့အစည်း ကွန်ရက် (CSNHTV) သည် ထိုင်းရဲတပ်ဖွဲ့ထံသို့ အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းသည့် စာတစ်စောင် ပေးပို့ခဲ့သည်။ ပိတ်မိနေသူအများစုမှာ မြန်မာနိုင်ငံ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ဌာနေပြည်သူ့စစ် ထိန်းချုပ်ထားသော နယ်မြေအတွင်းရှိ နေရာလေးခုတွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံခြားသားများဖြစ်ကြောင်း ဖော်ပြထားသည်။

CSNHTV ၏ ပြောကြားချက်အရ ပိတ်မိနေသူများထဲတွင် တရုတ်နိုင်ငံသား ခန့်မှန်းခြေ ၁,၆၀၀ ဦးနှင့် မြန်မာနိုင်ငံသား ၂၀၀ ခန့် ပါဝင်ပြီး၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရာဇီး၊ ရုရှား၊ ကင်ညာ၊ ယူဂန်းဒါး၊ ရဝမ်ဒါနှင့် ဇင်ဘာဘွေနိုင်ငံတို့မှ လူများလည်း ပါဝင်ကြောင်း သိရသည်။

“ဒီဝင်းအများစုကို အခုထက်ထိ ဖျက်သိမ်းခြင်း မရှိသေးသလို၊ ကျန်ရှိနေတဲ့ သားကောင်တွေ အားလုံးကို လွတ်မြောက်အောင် ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး” ဟု အဆိုပါအဖွဲ့က ဆိုသည်။

“ရလဒ်အနေနဲ့ ဒီဂိုဏ်းတွေဟာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေကို ဆက်လက် လုပ်ဆောင်နေပြီး ကမ္ဘာတစ်ဝန်း၊ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပတို့က သားကောင်တွေ ကို ထိခိုက်နစ်နာမှုတွေ ဖြစ်စေပါတယ်။”

မြန်မာနှင့် ကမ္ဘောဒီးယား အပါအဝင် အရှေ့တောင်အာရှရှိ ငွေလိမ်ဂိုဏ်းစခန်းများသည် ကမ္ဘာတစ်ဝန်းရှိ လူများကို လိမ်လည်လှည့်ဖြားရန် ရည်ရွယ်၍ တရားမဝင် အွန်လိုင်း အစီအစဉ်များကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။

“ညှဉ်းပန်းနှိပ်စက်မှု အလီလီ”
အဆိုပါစခန်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဒေသတွင်း၌ သိသိသာသာ တိုးပွားလာခဲ့ပြီး အစပိုင်းတွင် စနစ်တကျမရှိသော ကာစီနိုလောင်းကစားရုံများနှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းများနှင့် ဆက်နွှယ်နေခဲ့သည်။ ယခုအခါ ၎င်းတို့သည် ဒေါ်လာဘီလီယံ ချီတန်သည့် လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ကြောင်း ကုလသမဂ္ဂ (UN) အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုတွင် အဆိုပါ အဆောက်အအုံများ၌ ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးခြင်းကို ခံရပြီး ညှဉ်းပန်းနှိပ်စက် ခံထားရသည့် နိုင်ငံခြားသားအများစုက ဝန်ထမ်းအဖြစ် လုပ်ကိုင်နေကြရသည်ဟု ဖော်ပြ ထားသည်။

၎င်းအစီရင်ခံစာတွင် “ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားမလျော်ကန်သော ဆက်ဆံမှုများ၊ လိင်ပိုင်း ဆိုင်ရာ စော်ကားမှုနှင့် ခေါင်းပုံဖြတ်မှုများ၊ အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချခိုင်းမှုများ၊ အစားအစာ ငတ်မွတ်ထားမှုများ၊ တစ်ဦးတည်း သီးသန့်ပိတ်လှောင်ထားမှုများ အပါအဝင် အခြားသော ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ” ကို တွေ့ရှိခဲ့ရသည်။

“ညှဉ်းပန်းနှိပ်စက်မှု အလီလီဟာ တုန်လှုပ်စရာကောင်းသလို တစ်ချိန်တည်းမှာပဲ စိတ်နှလုံး ကြေကွဲစရာလည်း ကောင်းပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) က ပြောကြားခဲ့သည်။

“ဒါပေမဲ့ သားကောင်တွေဟာ သူတို့ရထိုက်တဲ့ ကာကွယ်စောင့်ရှောက်မှု၊ ဂရုစိုက်မှု၊ ပြန်လည်ထူထောင်ရေးနဲ့ တရားမျှတမှု ရှာဖွေရေး လမ်းကြောင်းတွေကို ရရှိမယ့်အစား၊ မယုံကြည်ခံရမှု၊ ဂုဏ်သိက္ခာကျဆင်းစေမှုနဲ့ နောက်ထပ် ပြစ်ဒဏ်ပေးခံရမှုတွေနဲ့တောင် မကြာခဏ ရင်ဆိုင်နေကြရပါတယ်။”

မြန်မာနိုင်ငံသို့ လှည့်ဖြားခြင်း သို့မဟုတ် လူကုန်ကူးခြင်း ခံရကာ အလုပ်လုပ်ကိုင်နေရသည့် ငွေလိမ်ဂိုဏ်းစခန်းများမှ သားကောင်များသည် မြန်မာနိုင်ငံ၊ မြဝတီမြို့၌ နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ KK Park ဝင်းအတွင်း၌ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြင့် ပိတ်မိနေကြစဉ်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်။ [ဖိုင်ပုံ – ရိုက်တာ]

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 64 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 53 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို